မီဇိုရမ်တွင် ရူပီး သိန်း ၆၀၀ ကျော်တန်ဖိုး မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

မီဇိုရမ်တွင် ရူပီး သိန်း ၆၀၀ ကျော်တန်ဖိုး မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ကိုဖြတ်ကျော်ပြီး အိန္ဒိယပြည်မကို ရောင်းချမည့် မြန်မာနိုင်ငံမှ သယ်ဆောင် လာသော ရူပီး သိန်း ၆၀၀ ကျော်တန်ဖိုးရှိ Methamphetamine ခေါ် စိတ်ကြွဆေးပြားကို မီဇိုရမ်တွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဖမ်းခံရသည့် မူးယစ်ဆေးဝါးမှာ အလေးချိန် (၁၂ ကီလိုနှင့် ဂရမ် ၈၀၀) ရှိကာ အကဒ်ပေါင်း ၁၃၀၄၉၂ ရှိပြီး  ပိုင်ရှင်ဟုယူဆရသူနှစ်ဦး ဖလမ်းမြို့နယ် Khawmawi ကျေးရွာနေ Solomon Zonummawia (၃၅) နှင့် အိန္ဒိယလူမျိုး Shamir Deb (49) တို့ကိုလည်း ဖမ်းဆီးထားသည်ဟု The Aizawl Post သတင်းတွင်ဖော်ပြသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို အိန္ဒိယ-မြန်မာနယ်စပ်မှတဆင့် မီဇိုရမ်ပြည်နယ်ကိုဖြတ်ကျော်ကာ အိန္ဒိယပြည်မဘက်သို့ ရောင်းချရန် ကားဖြင့်သယ်ဆောင်သွားစဉ် မီဇိုရမ်ပြည်နယ် Kolasib ခရိုင် North Chhimluang တွင် မီဇိုရမ်မူးယစ်ဆေးဝါတိုက်ဖျက်ရေး အဖွဲ့ Excise & Narcotics Department နှင့် Border Security Force (BSF) Silchar, Assam တို့က ဖမ်းဆီးခဲ့ကြခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးကို The Narcotic Drugs & Psychotropic Substances Act 1985 ဖြင့် အမှုဖွင့်ဆိုထားကြောင်းသိရသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...