ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ပြစ်ဒဏ်လျော့ပေးတာဟာ နိုင်ငံတကာ အမြင်ကောင်းအောင်လုပ်တာလို့ ဝေဖန်

ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ပြစ်ဒဏ်လျော့ပေးတာဟာ နိုင်ငံတကာ အမြင်ကောင်းအောင်လုပ်တာလို့ ဝေဖန်

အာဏာသိမ်း စစ်ကောင်စီဟာ ထောင်ဒဏ် အနှစ် ၈၀ အမိန့်ချမှတ်ခံထားရတဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ပြစ်ဒဏ် တဝက် လျှော့ချပေးလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီကတော့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေနဲ့ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ပြစ်ဒဏ်တဝက် လျှော့ချပေးရတာလို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ထောင်ဒဏ်လျှော့ချပေးတာဟာ နိုင်ငံတကာ အမြင်ကောင်းအောင် လုပ်တာ ဖြစ်ပြီး၊ ဘာအဓိပ္ပာယ်မှာ မရှိဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ပြောပါတယ်။

“နှစ် ၈၀ ထောင်ချထားပြီး တဝက်လျှော့ပေးတယ်ဆိုတာ နိုင်ငံတကာအမြင်ကောင်းအောင် လုပ်ပေး တာ။ နားကြားလို့သာ နားထောင်လိုက်ရတာ ဘာမှအဓိပ္ပါမယ်မရှိဘူး”လို့  တရားလွှတ်တော် ရှေ့နေ တဦးက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို အဂတိစားမှု အမှု ၅ မှု အတွက် ထောင်ဒဏ် ၇၅ နှစ်၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ်၊ ရွေးကောက်ပွဲ မလျော်သြဇာသုံးတယ်ဆိုတဲ့အမှုတွေအတွက် ထောင်ဒဏ် ၃ နှစ် ၊ စုစုပေါင်း ထောင်ဒဏ် အနှစ် ၈၀ အမိန့်ချမှတ်ထားတာပါ။

လက်ရှိမှာတော့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို အာဏာသိမ်း စစ်ကောင်စီက ဘားအံအကျဉ်းထောင်မှာ အကျဉ်းချထားတာ ဖြစ်ပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...