ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ပြစ်ဒဏ်လျော့ပေးတာဟာ နိုင်ငံတကာ အမြင်ကောင်းအောင်လုပ်တာလို့ ဝေဖန်

ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ပြစ်ဒဏ်လျော့ပေးတာဟာ နိုင်ငံတကာ အမြင်ကောင်းအောင်လုပ်တာလို့ ဝေဖန်

အာဏာသိမ်း စစ်ကောင်စီဟာ ထောင်ဒဏ် အနှစ် ၈၀ အမိန့်ချမှတ်ခံထားရတဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ပြစ်ဒဏ် တဝက် လျှော့ချပေးလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီကတော့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေနဲ့ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ပြစ်ဒဏ်တဝက် လျှော့ချပေးရတာလို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ထောင်ဒဏ်လျှော့ချပေးတာဟာ နိုင်ငံတကာ အမြင်ကောင်းအောင် လုပ်တာ ဖြစ်ပြီး၊ ဘာအဓိပ္ပာယ်မှာ မရှိဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ပြောပါတယ်။

“နှစ် ၈၀ ထောင်ချထားပြီး တဝက်လျှော့ပေးတယ်ဆိုတာ နိုင်ငံတကာအမြင်ကောင်းအောင် လုပ်ပေး တာ။ နားကြားလို့သာ နားထောင်လိုက်ရတာ ဘာမှအဓိပ္ပါမယ်မရှိဘူး”လို့  တရားလွှတ်တော် ရှေ့နေ တဦးက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို အဂတိစားမှု အမှု ၅ မှု အတွက် ထောင်ဒဏ် ၇၅ နှစ်၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ်၊ ရွေးကောက်ပွဲ မလျော်သြဇာသုံးတယ်ဆိုတဲ့အမှုတွေအတွက် ထောင်ဒဏ် ၃ နှစ် ၊ စုစုပေါင်း ထောင်ဒဏ် အနှစ် ၈၀ အမိန့်ချမှတ်ထားတာပါ။

လက်ရှိမှာတော့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို အာဏာသိမ်း စစ်ကောင်စီက ဘားအံအကျဉ်းထောင်မှာ အကျဉ်းချထားတာ ဖြစ်ပါတယ်။

May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...