မွန်ပြည်နယ်မှာ ကိုဗစ်ရောဂါပိုး အစုံအလိုက် အပြုံအလိုက် ကူးစက်ခံနေရ

မွန်ပြည်နယ်မှာ ကိုဗစ်ရောဂါပိုး အစုံအလိုက် အပြုံအလိုက် ကူးစက်ခံနေရ

မွန်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း ကိုဗစ်ရောဂါပိုး အစုံအလိုက် အပြုံအလိုက် ကူးစက်ခံနေရတယ် လို့ ကိုဗစ်အရေး ကူညီနေသူတွေက ပြောပါတယ်။

စစ်ကောင်စီ ကျန်းမာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ချက်အရ ဖေဖော်ဝါရီ ၉ ရက်နေ့ကနေ ၁၂ ရက်ထိ ၄ ရက်တာကာလအတွင်း ကိုဗစ်အတည်ပြုလူနာ ၂၈၇ ဦးထိ ရှိတယ်လို့ ထုတ်ပြန်ထားပေမယ့် မြေပြင်မှာ ဒီထက် အရေအတွက် ပိုနိုင်တယ်လို့ ကိုဗစ်အရေးကူညီသူတွေက ဆိုပါတယ်။

ကိုဗစ်ရောဂါပိုးကိုတော့ ချောင်းဆုံ၊ မော်လမြိုင်၊ မုဒုံနဲ့ သံဖြူဇရပ်မြို့နယ်တို့က အခြေခံပညာကျောင်း တွေမှာ အစုံအလိုက် အပြုံအလိုက် ကူးစက်ခံနေရတာ ဖြစ်ပြီး ရပ်ကွက်ကျေးရွာတချို့မှာလည်း ရောဂါကူးစက်မှုတွေ တိုးလာနေတာ ဖြစ်ပါတယ်။

ရောဂါပိုးတွေ့ရှိခဲ့တဲ့ ဒေသခံတွေမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကွာရန်တင်းစင်တာတွေ ဖွင့်လှစ်ပြီး ကုသနေသလို ရောဂါအခံရှိတဲ့သူတွေကိုတော့ ဆေးရုံပို့ဆောင် ဆေးကုသမှုခံယူစေတယ်လို့ ကိုဗစ်အရေးကူညီပေးနေသူတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် ပြည်နယ်အတွင်းက ပြင်ပဆေးခန်းတွေမှာ လာရောက်ပြသတဲ့ ပြည်သူအများစုကလည်း အိုမီခရွန် လက္ခဏာတွေဖြစ်တဲ့ နှာဈေး၊ချောင်းဆိုးတဲ့ ဝေဒနာတွေ အဖြစ်များနေတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ကိုဗစ်အတည်ပြုလူနာ ၁၇၀၀၀ နီးပါး တွေ့ရှိထားပြီး အဲဒီထဲမှာ ကိုဗစ်အတည်ပြုလူနာ ၁၄၀၀ ကျော် သေဆုံးထားတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...