ဘားအံတက္ကသိုလ် ကျောင်းသားကိုးဦး ထောင်ဒဏ် ၁၂နှစ်၊ ၁၃ နှစ်အသီးသီး အမိန့်ချခံရ

ဘားအံတက္ကသိုလ် ကျောင်းသားကိုးဦး ထောင်ဒဏ် ၁၂နှစ်၊ ၁၃ နှစ်အသီးသီး အမိန့်ချခံရ

စစ်ကောင်စီရဲ့ မတရားပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ဘားအံတက္ကသိုလ်ကျောင်းသားလူငယ်တွေဟာ တရားရုံးအတွင်းမှာ အရေးတော်ပုံအောင်ရမယ်လို့ သံပြိုင်အော်ဟစ်ပြီး တရားရုံးကနေအပြန် ထောင်ကားပေါ်ကနေ သွေးသစ္စာသီချင်းကို အော်ဆိုသီဆိုခဲ့တယ်လို့ ဘားအံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လပိုင်းက ဘီးလင်းမြို့မှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခြင်းခံထားရတဲ့ ဘားအံတက္ကသိုလ်က ကျောင်းသားလူငယ် ၉ ဦးကို မနေ့ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့က ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၁၂၄(ဂ)နဲ့ တရားမဝင်ပို့ကုန်သုံးစွဲမှု ပုဒ်မ ၈ တို့နဲ့ တရားရုံးက ထောင်ဒဏ် ၁၂ နှစ်၊ ၁၃ နှစ် အသီးသီး အပြီးသတ်အမိန့်ချမှတ်ခဲ့တာပါ။

ဖမ်းဆီးခံရပြီး တစ်နှစ်နီးပါးအကြာမှာ အခုလို စစ်ကောင်စီရဲ့တရားရုံးက ထောင်ဒဏ်အမိန့်ချမှတ်ခဲ့တာပါဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရပြီး မတရားအမိန့်ချမှတ်ခံထားရတဲ့ ဘားအံတက္ကသိုလ်ကျောင်းသားလူငယ်တစ်ဦးရဲ့ မိဘတစ်ဦးကတော့ “မင်းသမိုင်း မင်းရေးခဲ့တာပါ သားသား Fighting ကျွန်တော်ဒီမတရားမှုအတွက်လုပ်သင့်တာလုပ်တာပါတဲ့။ ၅၀၅(က) _ ၂နှစ် ၁၂၄(ဂ) _ ၁၀ နှစ်။ စုစုပေါင်း ၁၂ နှစ်။ မင်းကျန်းမါစွာနေထိုင်ပြီးကျော်ဖြတ်ခဲ့ပါသားသား” လို့ သူ့ရဲ့လူမှုကွန်ယက်ကနေ ရေးသားဖော်ပြခပါတယ်။

အဆိုပါတက္ကသိုလ်ကျောင်းသားလူငယ်တွေဟာ မတရားအမိန့်ချမှတ်ခံထားရပေမယ့် တရားရုံးအတွင်းမှာ အရေးတော်ပုံအောင်ရမယ်လို့ သံပြိုင်ဟစ်ကြွေးခဲ့ပြီး တရားရုံးကနေ ဘားအံထောင်သို့အပြန် ဘားအံမြို့ပင်မလမ်းတစ်လျှောက်မှာ ထောင်ကားပေါ်ကနေ သွေးသစ္စာသီချင်းကို အော်ဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရစဉ်ကာလအတွင်း စစ်ကြောရေးမှာ အကြမ်းဖက်နှိပ်စက်မေးမြန်းမှုတွေကြောင့် ရုံးထုတ်လာစဉ်မှာ ကိုယ်လက်အင်္ဂါတွေ ဖူးရောင်ကိုင်းမှု ဒဏ်ရာတွေရှိခဲ့တယ်လို့ ဘားအံတက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...