စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ၇ နှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံး

စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ၇ နှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံး

ချင်းပြည်နယ်၊ မတူပီမြို့မှ မင်းတပ်မြို့ဘက်သို့ ပြန်လှည့်သော စစ်ကောင်စီယာဉ်တန်းမှ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုကြောင့် ၇ နှစ်အရွယ် ကျောင်းသားတစ်ဦး လက်နက်ကြီးထိမှန်ပြီး ပွဲချင်းသေဆုံးခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး သတင်းအဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သေဆုံးသူ ကျောင်းသားမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က စစ်ကောင်စီယာဉ်တန်း၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လျှိုမြောင်ထဲ ပုန်းအောင်းစစ်ရှောင်နေစဉ်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မင်းတပ်မြို့နယ်ထဲရှိ ကျေးရွာများဘက်သို့ အဝေးပစ်တာဝေးလက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာနေအိမ်များ ပျက်စီးမှုများလည်းရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့က မတူပီမြို့မှ မင်းတပ်မြို့ဘက်သို့ စစ်ကားအစီး ၉၀ ဖြင့် ပြန်လှည့်သော စစ်ကောင်စီတပ်နှင့် CDF-Mindat တို့သည် မင်းတပ်-မတူပီလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားကာ ဖေဖောဝါရီ ၈ ရက်နေ့မှ မင်းတပ်မြို့သို့ ရောက်ရှိနိုင်သည်ဟု သိရသည်။a

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...