စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ၇ နှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံး

စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ၇ နှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံး

ချင်းပြည်နယ်၊ မတူပီမြို့မှ မင်းတပ်မြို့ဘက်သို့ ပြန်လှည့်သော စစ်ကောင်စီယာဉ်တန်းမှ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုကြောင့် ၇ နှစ်အရွယ် ကျောင်းသားတစ်ဦး လက်နက်ကြီးထိမှန်ပြီး ပွဲချင်းသေဆုံးခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး သတင်းအဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သေဆုံးသူ ကျောင်းသားမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က စစ်ကောင်စီယာဉ်တန်း၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လျှိုမြောင်ထဲ ပုန်းအောင်းစစ်ရှောင်နေစဉ်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မင်းတပ်မြို့နယ်ထဲရှိ ကျေးရွာများဘက်သို့ အဝေးပစ်တာဝေးလက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာနေအိမ်များ ပျက်စီးမှုများလည်းရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့က မတူပီမြို့မှ မင်းတပ်မြို့ဘက်သို့ စစ်ကားအစီး ၉၀ ဖြင့် ပြန်လှည့်သော စစ်ကောင်စီတပ်နှင့် CDF-Mindat တို့သည် မင်းတပ်-မတူပီလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားကာ ဖေဖောဝါရီ ၈ ရက်နေ့မှ မင်းတပ်မြို့သို့ ရောက်ရှိနိုင်သည်ဟု သိရသည်။a

Most read this week

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...