အာဏာသိမ်းတဲ့ တစ်နှစ်အတွင်း အခြေခံစားသောက်ကုန် ဈေးနှုန်း ထက်ဝက်ကျော် မြင့်တက်လာ

အာဏာသိမ်းတဲ့ တစ်နှစ်အတွင်း အခြေခံစားသောက်ကုန် ဈေးနှုန်း ထက်ဝက်ကျော် မြင့်တက်လာ

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်အတွင်း အခြေခံစားသောက်ကုန်တွေ ဖြစ်တဲ့ ဆန်၊ ဆီနဲ့ မီးဖိုချောင်းသုံးကုန်ပစ္စည်း ဈေးနှုန်း ထက်ဝက်ကျော် မြင့်တက် လာတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

အခြေခံစားသောက်ကုန်တွေထဲမှာတော့ ပေါ်ဆန်းတစ်အိတ်ဟာ အရင်က ကျပ် ၃၀၀၀၀ ဝန်းကျင်ကနေ ကျပ် ၄၀၀၀၀ ကျော်ထိ ဈေးနှုန်းမြင့်တက်လာသလို စာသုံးဆီဈေးနှုန်းကလည်း ကျပ် ၂၀၀၀၀ ဝန်းကျင်ကနေ ကျပ် ၆၀၀၀၀ နီးပါးထိ ဈေးနှုန်းမြင့်တက်လာတာပါ။

တခြားမီးဖိုချောင်းသုံး ကုန်ပစ္စည်းတွေကလည်း အရင်ကထက် ပစ္စည်းအမျိုးအစားအပေါ် မူတည်ပြီး ၃၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလောက်ထိ ဈေးနှုန်းမြင့်တက်လာတာပါ။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကုန်ပစ္စည်း လက်လီရောင်းချနေသူ တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“ထက်ဝက်တောင်မကဘူး။ ဆီတို့ဘာတို့ဆို သုံးဆလောက်တက်သွားတယ်။ အရင်တုန်းက ငွေကျပ် (၂)သောင်းဆို ဆီတပုံးရတယ်။ ခုတော့ (၆)သောင်းဖြစ်သွားပြီ။ ဆန်လည်းဈေးတက်တယ်။ ကြက်သွန်လည်းဈေးတက်တယ်။ တခုဝယ်တခုတက်နေတာပဲ”လို့ ကုန်ပစ္စည်း လက်လီရောင်းချနေသူ တစ်ဦးက ပြောပါတယ်။

ကုန်ပစ္စည်းဈေးနှုန်းဟာ စက်သုံးဆီဈေးနှုန်း မြင့်တက်လာတာ၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် ပိုမို ကြီးမြင့်လာတာ၊ သွင်းအားစု ကုန်ပစ္စည်းတွေ ဈေးနှုန်း ၂ ဆနီးပါး မြင့်တက်လာတဲ့အတွက်ကြောင့် ဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။

ကုန်သည်တစ်ဦးကတော့ အခြေခံစားသောက်ကုန် ဈေးနှုန်းဟာ မြန်မာ့ငွေကြေးတန်းဖို ဆက်တိုက် ကျဆင်းလာမှုနဲ့ အဓိက သက်ဆိုင်နေရတယ်လို့ ပြောပါတယ်။

“ငွေဈေးကျသွားတဲ့အခါကျတော့ ဒေါ်လာဈေးကလည်းတက်တယ်။ ဆီဈေးလည်းတက်တဲ့အခါ ကျတော့ ကုန်ဈေးနှုန်းတွေကလည်း လိုက်တက်ကုန်တာပါပဲ”လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။

အခုလို ကုန်ပစ္စည်းဈေးနှုန်း မြင့်တက်လာမှုနဲ့အတူ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတဲ့အတွက်ကြောင့် အခြေခံလူတန်းစားပြည်သူတွေမှာ မိသားစု ဝမ်းရေးပြဿနာအတွက် ပိုမို အကြပ်အတည်း ရှိလာတာပါ။

ကမ္ဘာဘဏ်ရဲ့ အဆိုအရ မြန်မာပြည်သူတွေဟာ စစ်တပ် အာဏာသိမ်းမှုကြောင့် အရင်ထက် ဆင်းရဲမွဲတေမှုနှုန်း ၂ ဆ နီးပါး မြင့်တက်လာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...