မတူပီ-မင်းတပ်ကြားတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

မတူပီ-မင်းတပ်ကြားတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

မတူပီမြို့မှပြန်ဆင်းလာသော စကစယဉ်တန်းကို CDF-MINDATမှ မင်းတပ်-မတူပီ လမ်း‌ပေါ် တွင် ဆက်လက်ချုံခိုတိုက်ခိုက်ခဲ့ရာ ယနေ့ နေ့လည် ၂ နာရီ ဝန်းကျင်တွင် မိုင်တိုင် ၂၈ ဝန်းကျင်၌ တိုက်ပွဲဖြစ်ခဲ့ကြောင်း မင်းတပ်မြို့နယ် ပ.အ.ဖ (သတင်းအဖွဲ့) က ထုတ်ပြန်သည်။

စကစဘက်မှ ထိခိုက်မှုများရှိမည်ဟု ခန့်မှန်းရပြီး အကျအဆုံးမသိရပေ။ ယင်းတိုက်ပွဲတွင် CDF ရဲဘော်တစ်ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်။

စကစယဉ်တန်းသည် လက်ရှိတွင် ၂၃ မိုင်၌ ‌ရောက်နေပြီး ထိုနေရာတွင် ညအိပ်မည်ဟု ခန့်မှန်းရသည်။

ယမန်နေ့ဖေဖော်ဝါရီလ ၂ ရက်နေ့က မတူပီ မင်းတပ်ကြား ၃၂ မိုင်နှင့် မိုင် ၃၀ တိုက်ပွဲတွင် စကစ ၆ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကာ CDF-MINDAT က စကစထံမှ MA 3 တစ်လက် သိမ်းယူရရှိခဲ့သည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...