မတူပီ-မင်းတပ်ကြားတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

မတူပီ-မင်းတပ်ကြားတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

မတူပီမြို့မှပြန်ဆင်းလာသော စကစယဉ်တန်းကို CDF-MINDATမှ မင်းတပ်-မတူပီ လမ်း‌ပေါ် တွင် ဆက်လက်ချုံခိုတိုက်ခိုက်ခဲ့ရာ ယနေ့ နေ့လည် ၂ နာရီ ဝန်းကျင်တွင် မိုင်တိုင် ၂၈ ဝန်းကျင်၌ တိုက်ပွဲဖြစ်ခဲ့ကြောင်း မင်းတပ်မြို့နယ် ပ.အ.ဖ (သတင်းအဖွဲ့) က ထုတ်ပြန်သည်။

စကစဘက်မှ ထိခိုက်မှုများရှိမည်ဟု ခန့်မှန်းရပြီး အကျအဆုံးမသိရပေ။ ယင်းတိုက်ပွဲတွင် CDF ရဲဘော်တစ်ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်။

စကစယဉ်တန်းသည် လက်ရှိတွင် ၂၃ မိုင်၌ ‌ရောက်နေပြီး ထိုနေရာတွင် ညအိပ်မည်ဟု ခန့်မှန်းရသည်။

ယမန်နေ့ဖေဖော်ဝါရီလ ၂ ရက်နေ့က မတူပီ မင်းတပ်ကြား ၃၂ မိုင်နှင့် မိုင် ၃၀ တိုက်ပွဲတွင် စကစ ၆ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကာ CDF-MINDAT က စကစထံမှ MA 3 တစ်လက် သိမ်းယူရရှိခဲ့သည်။

Most read this week

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...