ကန်ပလက်မြို့အနီးရှိ- ဆောမြို့တွင်တိုက်ပွဲဖြစ်ပွါး၍ ရုံးများမီးလောင်

ကန်ပလက်မြို့အနီးရှိ- ဆောမြို့တွင်တိုက်ပွဲဖြစ်ပွါး၍ ရုံးများမီးလောင်

ချင်းပြည်နယ် ကန်ပက်လက်မြို့အနီးရှိ မကွေးတိုင်းဆောမြို့၌ ဖေဖော်ဝါရီလ ၃ ရက်နေ့ညက ဒေသခံကာကွယ်ရေးအဖွဲ့များနှင့်စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွါး၍ဌာနဆိုင်ရာရုံးများမီးလောင်ပျက်စီးကြောင်း ဒေသခံတချို့ထံမှသိရသည်။

“မနေ့ည (12) လောက်ကစ သေနတ်သံတွေကြားရပြီး လက်နက်ကြီးသံတွေပါ မနက်မိုးလင်းပါးနီးအထိ ကြားနေရတယ်။ လူအထိအခိုက်ကတော့ ရှိတယ်လို့မကြားမိဘူး။ ကြံ့ခိုင်ရေးရုံး နှင့် တခြားရုံးတွေလည်း မီးလောင်တယ် “ဟု ဆောဒေသ ခံတစ်ဦးဆီမှ သိရပါသည်။

“ဒီမနက် မစောကြီးထဲက နေ ဆောဘက်ကနေဆိုင်ကယ်တွေ အများကြီးတက်လာနေကြတာ ဆောမှာ တိုက်ပွဲဖြစ်လို့ပြန်တက်လာကြတာထင်တယ် “ဟု ကန်ပက်လက်ဒေသခံတစ်ဦးဆီမှ သိရပါသည်။

ဆောမြို့နှင့်ကန်ပက်လက်မြို့မှာ 12 မိုင်ခန့်ဝေးပြီး စစ်ဘေးရှောင်ရသည့်ကန်ပက်လက်မြို့မှ လူအများစုမှာ ဆောမြို့သို့ ပြောင်းရွေ့နေထိုင်နေကြပါသည်။

ဖေဖော်ဝါရီ ၃ ရက် ည တိုက်ပွဲအပြီး ဆောမြို့ပေါ်တွင် ကြံ့ခိုင်ရေးပါတီရုံး၊ကြံ့ခိုင်ရေးအသင်းပိုင် လက်ဖက်ရည်ဆိုင် ၊သစ်တောရုံး မြေစာရင်းရုံး စိုက်ပျိုးရေးရုံး

မီးသတ်ရုံး တို့ မီးလောင်ခဲ့ခြင်း ဖြစ်သည်။

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...