ခြိမ်းခြောက်မှုတွေ လုပ်နေတဲ့ Non CDM ဝန်ထမ်းတွေကို အရေးယူဖို့ NUG အစိုးရ ပြင်ဆင်

ခြိမ်းခြောက်မှုတွေ လုပ်နေတဲ့ Non CDM ဝန်ထမ်းတွေကို အရေးယူဖို့ NUG အစိုးရ ပြင်ဆင်

CDM ဝန်ထမ်းတွေကို ဖိအားပေးခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ ပညာရေးဌာနက Non CDM ဝန်ထမ်းတွေကို သက်သေအပြည့်အစုံနဲ့ တရားစွဲ အရေးယူဖို့ ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဝန်ထမ်း အခွင့်အရေးတွေနဲ့ နိုင်ငံတကာလူ့ အခွင့်အရေးတွေကို ချိုးဖောက်နေတဲ့ Non-CDM ဝန်ထမ်းတွေရဲ့ ကျူးလွန်မှုတွေကို စာနဲ့ အသံဖိုင် အစရှိတဲ့ သက်သေခံချက်တွေ စုဆောင်းပြီး ထိုက်သင့်တဲ့ပြစ်ဒဏ်တွေ ကျခံစေဖို့ NUG က ပြင်ဆင်နေတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အခုလို လုပ်ဆောင်ချက်ဟာ စစ်ကောင်စီလက်ပါးစေတွေရဲ့ တိုက်ခိုက်မှုတွေကနေ အနည်းအကျဉ်း အဟန့်အတားဖြစ်စေတဲ့အတွက်ကြောင့် လက်ခံကြိုဆိုတယ်လို့ CDM ကျောင်းဆရာမ တစ်ဦးက ဆိုပါတယ်။

NUG ကတော့ စစ်ကောင်စီရဲ့ လက်ကိုင်တုတ်တွေဖြစ်တဲ့ Non-CDM ညွှန်ကြားရေးမှူးချုပ်တွေ၊ ပါမောက္ခချုပ်တွေအပါအဝင် ပညာရေးမှူးတွေ၊ကျောင်းအုပ်တွေ၊ ဌာနမှူးတွေက ဦးဆောင်ပြီး CDM ဝန်ထမ်းတွေကို ချေးငွေပြန်ဆပ်ဖို့နဲ့ ဝန်ထမ်းအိမ်ရာတွေကနေ ဖယ်ပေးဖို့ ဖိအားပေး ခြိမ်းခြောက်နေတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် နေအိမ်ကပစ္စည်းတွေကို ဖယ်ရှားပြီး အိမ်ရာတွေကို သိမ်းဆည်းတာတွေ ကျူးလွန်နေတာဟာ ငြိမ်းချမ်းစွာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပျက်ပြားစေဖို့ ရည်ရွယ်ချက်ရှိရှိ အတင်းအကျပ် လုပ်ဆောင်နေတာလို့လည်း NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ္။

မွန်ပြည်နယ်မှာတော့ အာဏာသိမ်းစစ်ကောင်စီကို အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ အာဏာဖီဆန်ရေး CDM လုပ်ဆောင်ထားတဲ့ ဝန်ထမ်းပေါင်း ၄၀၀၀ ကျော် ရှိနေတာဖြစ်ပြီး အဲဒီထဲမှာတော့ ပညာရေးနဲ့ မီးရထားဝန်ထမ်းတွေ အများစု ပါဝင်နေတာ ဖြစ်ပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...