ဖာပွန်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး ၂၀ ထက်မနည်း ဒဏ်ရာရ

ဖာပွန်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး ၂၀ ထက်မနည်း ဒဏ်ရာရ

ဖာပွန်ခရိုင် KNLA တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲမှာ အာဏာသိမ်းစစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး ၂၀ဦး ထက်မနည်း ဒဏ်ရာရှိခဲ့တယ်လို့ KNU မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။

အခုနှစ် ဇန်နဝါရီလမှ ဖေဖေါ်ဝါရီ ၅ ရက်နေ့အထိ အာဏာသိမ်းစစ်ကောင်စီက KNLA တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲက ပြည်သူလူထုတွေ နေထိုင်ရာကျေးရွာတွေထဲကို လက်နက်ကြီး အချက်ပေါင်း ၁၈၀ ကျော် ပစ်ခတ်ခဲ့ပြီး လေယာဉ်နဲ့ ၅ ကြိမ်နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် ဖာပွန်ခရိုင်က အရပ်သားပြည်သူ ၇ ဦးသေဆုံးခဲ့ပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးသွားတဲ့သူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသွားတဲ့သူတွေမှာတော့ ကလေးငယ်တွေလည်း ပါဝင်နေပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာနဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုတွေ မကြာခဏလုပ်ဆောင်နေတာကြောင့် ဒေသခံအရပ်သားပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)က ပြောခွင့်ရသူ စောလေးကပေါ်က ဆိုပါတယ်။

ကေအဲန်ယူ ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ စစ်ကောင်စီတပ်က အင်အားတိုးချဲ့ပြီး စစ်ရေးလှုပ်ရှားမှုတွေ ထပ်မံလုပ်ဆောင်နေတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နဲ့ ထိတွေ့တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ တလတာအတွင်းမှာ စစ်ကောင်စီနဲ့ တပ်မဟာ ၅ တို့အကြား တိုက်ပွဲပေါင်း ၃၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂၀၀ နီးပါးသေဆုံးခဲ့သလို ၂၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...