ကလေးမြို့တွင် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ကျောင်းဆရာမ သဂြိုလ်ပြီးစီး

ကလေးမြို့တွင် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ကျောင်းဆရာမ သဂြိုလ်ပြီးစီး

ကလေးမြို့တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့်ကျောင်းဆရာမတစ်ဦးကို ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ၃ နာရီတွင် သဂြိုလ်ခဲ့ကြောင်း သိရသည်။

နီးစပ်ရာ မိသားစုဝင်တစ်ဦးက " မနက် ၈ နာရီခွဲလောက်မှာ သူ့မိခင်ဆေးရုံမှာ ဆေးပို့ပြီး အပြန်မှာ စစ်ကောင်စီတပ်သားတွေက ရမ်းသမ်းပစ်ခတ်လို့ ဆုံးသွားပြီ"ဟုပြောသည်။

သေဆုံးသွားသည့် ကျောင်းဆရာမ သည် တပ်ဦးသီတာ ရပ်ကွက် နေထိုင်သူ  (အသက် ၄၂) အရွယ်ရှိပြီး ကလေး ၂ ဦး မိခင်လည်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့မှ ရမ်းသမ်းပစ်ခတ်မိသည့် ကျောင်းဆရာမကြီးကို ဆေးရုံပို့ဆောင်ခဲ့ကြပြီး နေ့လည် ၁၂ နာရီတွင် ဆုံးပါးသွားခဲ့ကာ ဖေဖော်ဝါရီလ ၂ ရက်နေ့ညနေ ၃ နာရီတွင် ကလေးမြို့တွင်သဂြိုလ်ခဲ့ကြောင်းသိရသည်။

ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဇန်နဝါရီလ ၃၁ ရက်နေ့ ညကလည်း သေနတ်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုပြုလုပ်ကြသည်ဟု ဒေသခံများထံသိရသည်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...