ကလေးမြို့တွင် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ကျောင်းဆရာမ သဂြိုလ်ပြီးစီး

ကလေးမြို့တွင် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ကျောင်းဆရာမ သဂြိုလ်ပြီးစီး

ကလေးမြို့တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့်ကျောင်းဆရာမတစ်ဦးကို ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ၃ နာရီတွင် သဂြိုလ်ခဲ့ကြောင်း သိရသည်။

နီးစပ်ရာ မိသားစုဝင်တစ်ဦးက " မနက် ၈ နာရီခွဲလောက်မှာ သူ့မိခင်ဆေးရုံမှာ ဆေးပို့ပြီး အပြန်မှာ စစ်ကောင်စီတပ်သားတွေက ရမ်းသမ်းပစ်ခတ်လို့ ဆုံးသွားပြီ"ဟုပြောသည်။

သေဆုံးသွားသည့် ကျောင်းဆရာမ သည် တပ်ဦးသီတာ ရပ်ကွက် နေထိုင်သူ  (အသက် ၄၂) အရွယ်ရှိပြီး ကလေး ၂ ဦး မိခင်လည်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့မှ ရမ်းသမ်းပစ်ခတ်မိသည့် ကျောင်းဆရာမကြီးကို ဆေးရုံပို့ဆောင်ခဲ့ကြပြီး နေ့လည် ၁၂ နာရီတွင် ဆုံးပါးသွားခဲ့ကာ ဖေဖော်ဝါရီလ ၂ ရက်နေ့ညနေ ၃ နာရီတွင် ကလေးမြို့တွင်သဂြိုလ်ခဲ့ကြောင်းသိရသည်။

ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဇန်နဝါရီလ ၃၁ ရက်နေ့ ညကလည်း သေနတ်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုပြုလုပ်ကြသည်ဟု ဒေသခံများထံသိရသည်။

Most read this week

December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...
December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...