ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ကိုဗစ်ပိုးတွေ့ရှိသူ (၁၆၅) ဦးရှိပြီး သွားလာမှုကန့်သတ်ထား

ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ကိုဗစ်ပိုးတွေ့ရှိသူ (၁၆၅) ဦးရှိပြီး သွားလာမှုကန့်သတ်ထား

ထိုင်းနိုင်ငံနယ်စပ်မှာရှိတဲ့ ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ကိုဗစ်ပိုးတွေ့ရှိသူ ( ၁၆၅) ဦးရှိပြီး စခန်းကို သွားလာမှုကန့်သတ် (Lockdown) ထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ ကရင်နီကျန်းမာရေးဌာနထံမှ သိရပါတယ်။

ပြီးခဲ့ ဇန်နဝါရီလ ( ၂၆) ရက်နေ့ကနေ ဒီကနေ့ ဖေဖော်ဝါရီလ ( ၂) ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်ပိုး ရှိမရှိ စစ်ဆေးနေပြီးတော့ ပိုးတွေ့တဲ့သူတွေကို သီးသန့်ဆေးကုသပေးနေပြီး ကိုဗစ်ပိုးမရှိတော့မှ ဆေးခန်းဆင်းခွင့်ရမှာလို့ ကရင်နီကျန်းမာရေးဌာနမှ Coordinator ဆရာဖိလစ်က ပြောပါတယ်။

“Lockdown က စစပေါ်တဲ့ ၂၆ရက် ၂၇ရက်နေ့ကတည်းက စခန်းကို Lockdown နှစ်ပတ်ချထားတာဖြစ်တယ် စစ်ဆေးမှုတွေအားလုံးကိုလုပ်တာဖြစ်တယ်။ Positive Case ကို အားလုံးခွဲခြားထားပြီဖြစ်တယ်။ဒီမှာ ပညာပေးတာတို့ ဘာတို့လည်း တောက်လျှောက်လုပ်နေတယ်။ Tesk kit စစ်တဲ့အဖွဲ့စစ်ပေါ့ ပညာပေးတဲ့အဖွဲ့ပေးပြီးတော့ ဆိုင်တွေပိတ်တာအားလုံးလုပ်ထားတယ်။ နှစ်ပတ်ပြည့်လို့ရှိရင်တော့ နောက်ထပ် Positive တွေကို နောက်ထပ်စစ်ဆေးပြီးတော့မှ အကယ်၍ Negative ဖြစ်မှပဲ ကျနော်တို့လူထုကြားကိုပြန်ပြီးတော့ သွားခွင့်ပြုမှာဖြစ်တယ်။ အကယ်၍ Positive တွေပဲဆက်များနေရင်တော့ Lockdown ပဲဆက်ချရမှာပဲ ကျနော်တို့ပိတ်စရာရှိတာ ပိတ်ထားရမှာ။ အခုကတော်တော်များများက မသွားမလာဘဲနဲ့ အရေးကြီးတဲ့ကိစ္စကလွဲလို့ ကိုယ့်အိမ်မှာပဲနေကြဖို့ အဲ့လိုမျိုး ညွန်ကြားချက်တွေ စခန်းအုပ်ချုပ်ရေးနဲ့ပေါင်းပြီးတော့မှ ညွှန်ကြားချက်တွေထုတ်ထားတာရှိတယ်။ သိပ်ပြီးတော့လည်း မသွားမလာကြတော့ပါဘူး။ လူတိုင်းလည်းကြောက်ကြတယ်ဆိုတော့။”

ပထမဦးဆုံးပိုးတွေ့ရှိသူမှာ ခရီးသွားရာဇဝင်ရှိထားပြီး စခန်းအတွင်း အိမ်ပြန်ရောက်ပြီး ၅ရက်အကြာမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာကိုခံစားခဲ့ရတဲ့အတွက် ဆေးခန်းမှာသွားရောက်ပြသရာမှ ကိုဗစ်ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

တစ်ဆက်တည်း တစ်အိမ်ထဲနေ မိသားစုကို စစ်ဆေးလိုက်တဲ့အခါ ကျောင်းနေအရွယ် သမီးဖြစ်သူထံမှာ ပိုးထပ်မံတွေရှိခဲ့ပြီး ရပ်ကွက်တိုင်းလိုလို ကူးစက်မှု ပျံ့နှံ့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စခန်းတွင်း အဝင်အထွက် အရေးကြီးကိစ္စမှအပ သွားလာခြင်းကန့်သတ်ထားသလို ရပ်ကွက်ချင်းအလိုက် သွားလာမှုနဲ့ ဈေးဆိုင်တွေဖွင့်လှစ်မှုကိုလည်း ကန့်သတ်ထားပါတယ်။

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...