မြန်မာ့စီးပွားရေး၂၀၂၂ ခုနှစ်အတွင်း တစ်ရာခိုင်နှုန်းတိုးတက်လာနိုင်တယ်လို့ World bank ထုတ်ပြန်

မြန်မာ့စီးပွားရေး၂၀၂၂ ခုနှစ်အတွင်း တစ်ရာခိုင်နှုန်းတိုးတက်လာနိုင်တယ်လို့ World bank ထုတ်ပြန်

မနှစ်က  World Bank ရဲ့ ခန့်မှန်းမှုအရ မြန်မာ့စီးပွားရေးက ၁၈ ရာခိုင်နှုန်းကျုံ့သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

World Bank ရဲ့ ထုတ်ပြန်တဲ့အစီရင်ခံစာထဲမှာ စစ်တပ်က အာဏာသိမ်းပြီး ဖေဖော်ဝါရီလ (၁) ရက်နေ့နောက်ပိုင်း မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု နဲ့ အလုပ်လက်မဲ့တွေမြင့်မားလာခဲ့တယ်လို့ဆိုပါတယ်။

ကပ်ရောဂါနှင့် အာဏာသိမ်းမှု နှစ်ရပ်စလုံး မရှိရင် မြန်မာ့စီးပွားရေးသည် ၃၀ ရာခိုင်နှုန်း ပိုမိုကြီးမားလာနိုင်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

“ တချို့နေရာတွေမှာ မကြာသေးမီက   တည်ငြိမ်မှုရဲ့ လက္ခဏာတွေကို ရောင်ပြန်ဟပ်နေချိန်မှာတော့ စီးပွားရေးအားနည်းတဲ့ အခြေအနေက ဆက်ရှိနေပါတယ် ” ဟု ကမ္ဘာ့ဘဏ်မှ အာရှဒေသဆိုင်ရာ အစီရင်ခံစာမှာ  သတင်းထုတ်ပြန်ချက်မှာရေးသားထားပါတယ်။  

2022 ခုနှစ်ရဲ့ စိန်ခေါ်မှုတွေထဲမှာ ကိုဗစ်19 ကပ်ရောဂါ နဲ့ နိုင်ငံရေးပဋိပက္ခတွေ အပြင်  လျှပ်စစ်မီး ၊ ထောက်ပံ့ပေးရေး နဲ့ ဒီဂျစ်တယ်ဆက်သွယ်ရေး တို့ပါရှိနေပါတယ်။

“မြန်မာနိုင်ငံက ပြည်သူအများစုအတွက် အခြေအနေနဲ့အလားအလာက ဆက်ပြီးတော့ တော်တော်လေး စိုးရိမ်ပူပန်စရာကောင်းနေဆဲပါ” ဟု မြန်မာ ကမ္ဘောဒီးယားနှင့် လာအိုဆိုင်ရာ ကမ္ဘာ့ဘဏ်၏ ဌာနေညွှန်ကြားရေးမှူး မာရီယမ် ရှားမန်က ပြောဆိုထားပါတယ်။

၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...
June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...