နောင်ချိုမြို့နယ် ရွှေဆိုင်တဆိုင် ဓားပြတိုက်ခံရ

နောင်ချိုမြို့နယ် ရွှေဆိုင်တဆိုင် ဓားပြတိုက်ခံရ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာ အမှတ် (၄)ရပ်ကွက်ရှိ ကျော်ဇော်လင်းရွှေဆိုင်သည် ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်က ဓားပြတိုက်ခံရကြောင်း စုံစမ်းသိရှိရသည်။

အမည်မသိ အမျိုးသား (၄)ဦး ဆိုင်ထဲဝင်လာပြီး သေနတ်ပစ်ဖောက်ကာ ရွှေထည်များကို ဓားပြတိုက်လုယူသွားကြောင်း ဘန့်ဘွေးကျေးရွာ ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ယောက်ျားလေး (၄)ယောက်က သေနတ်နဲ့ဝင်လာပြီး တစ်ချက်လောက်တော့ ပစ်လိုက်တယ်။ ပစ်ပြီးတော့ ရွှေထည်ပစ္စည်းတွေကို လုယူသွားတာ။ လွယ်အိတ်အမဲထဲ ရွှေထည်တွေ ထည့်သွားတာ။ လူတော့ ထိခိုက်မှု မရှိပါဘူး” ဟု ဘန့်ဘွေး ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ရွှေဆိုင်မှ လက်ကောက် ၅၉ ကွင်း၊ စကုတ် ၁ ခု၊ ဟန်းချိန်း ၁၆ ခု၊ ဆွဲကြိုး ၂၂၁ ခု၊ ဆွဲသီး ၁၄၅ ခု ခန့် ပါသွားကြောင်း သိရသည်။

ဓားပြလာတိုက်သွားသည့် အမျိုးသား (၄)ဦးသည် ယနေ့ အချိန်ထိ လွှတ်မြောက်နေဆဲဟု သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...