နောင်ချိုမြို့နယ် ရွှေဆိုင်တဆိုင် ဓားပြတိုက်ခံရ

နောင်ချိုမြို့နယ် ရွှေဆိုင်တဆိုင် ဓားပြတိုက်ခံရ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာ အမှတ် (၄)ရပ်ကွက်ရှိ ကျော်ဇော်လင်းရွှေဆိုင်သည် ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်က ဓားပြတိုက်ခံရကြောင်း စုံစမ်းသိရှိရသည်။

အမည်မသိ အမျိုးသား (၄)ဦး ဆိုင်ထဲဝင်လာပြီး သေနတ်ပစ်ဖောက်ကာ ရွှေထည်များကို ဓားပြတိုက်လုယူသွားကြောင်း ဘန့်ဘွေးကျေးရွာ ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ယောက်ျားလေး (၄)ယောက်က သေနတ်နဲ့ဝင်လာပြီး တစ်ချက်လောက်တော့ ပစ်လိုက်တယ်။ ပစ်ပြီးတော့ ရွှေထည်ပစ္စည်းတွေကို လုယူသွားတာ။ လွယ်အိတ်အမဲထဲ ရွှေထည်တွေ ထည့်သွားတာ။ လူတော့ ထိခိုက်မှု မရှိပါဘူး” ဟု ဘန့်ဘွေး ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ရွှေဆိုင်မှ လက်ကောက် ၅၉ ကွင်း၊ စကုတ် ၁ ခု၊ ဟန်းချိန်း ၁၆ ခု၊ ဆွဲကြိုး ၂၂၁ ခု၊ ဆွဲသီး ၁၄၅ ခု ခန့် ပါသွားကြောင်း သိရသည်။

ဓားပြလာတိုက်သွားသည့် အမျိုးသား (၄)ဦးသည် ယနေ့ အချိန်ထိ လွှတ်မြောက်နေဆဲဟု သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...