(၂)နှစ်နီးပါး လုပ်ငန်းရပ်နားထားရတဲ့အတွက် လက်မှုလုပ်ငန်းတွေ ပျောက်ကွယ်မှာကို လက်မှုပညာရှင်တွေ စိုးရိမ်

(၂)နှစ်နီးပါး လုပ်ငန်းရပ်နားထားရတဲ့အတွက် လက်မှုလုပ်ငန်းတွေ ပျောက်ကွယ်မှာကို လက်မှုပညာရှင်တွေ စိုးရိမ်

၂ နှစ်နီးပါးအကြာ ပိတ်ထားရတဲ့ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာက ဆေးတံလုပ်ငန်း အပါအဝင် လက်မှုလုပ်ငန်းတွေ ပျောက်ကွယ်မှာကို စိုးရိမ်နေရတယ်လို့ ဆေးတံလုပ်ငန်းရှင်တွေက ပြောပါတယ်။

လက်မှုလုပ်ငန်းတွေဟာ ကိုဗစ်ကပ်ရောဂါနဲ့အတူ စစ်တပ်အာဏာသိမ်ပြီးနောက် နိုင်ငံရေး မတည်ငြိမ်တဲ့အတွက်ကြောင့် ခရီးသွားဧည့်သည်ဝင်ရောက်မှု မရှိသလောက် နည်းပါးလာတာနဲ့ မှာယူသူမရှိတာကြောင့် လုပ်ငန်းတွေ ပိတ်သိမ်းထားရတာ ဖြစ်ပါတယ်။

လက်မှုလုပ်ငန်းတွေ ပိတ်ထားရတဲ့အတွက်ကြောင့် အလုပ်သမားတွေဟာ ကြုံရာကျဘမ်း အလုပ်တွေကို ပြောင်းရွှေ့လုပ်ကိုင်ခဲ့လို့ ၊ ဒီအခြေအနေအတိုင်း ဆက်လက် ပိတ်ထားရမယ်ဆိုရင် လက်မှုလုပ်ငန်းတွေ ပျောက်ကွယ်လာနိုင်တယ်လို့ လက်မှုပညာရှင် ဦးမန်းငွေဝင်းက ပြောပါတယ်။

“ဝယ်မယ့်သူလည်းမရှိ သွားလာလို့ မရဘူးဆိုတော့ ပျောက်ကွယ်သွားဖို့ အခြေအနေရှိမယ်ထင်တာပဲ။ ဒါပေမယ့် ဦးလေးတို့ကျတော့ မိရိုးဖလာ ကိုယ့်လုပ်ငန်းဖြစ်တဲ့အခါကျတော့ ဒါကိုပဲ လုပ်နေကြတယ်။အလုပ်မရှိရင် တစ်ခြားအလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ရှာပြီး ကြံဖန်လုပ်ရတာပေါ့”လို သူက ဆိုပါတယ်။

သစ်သားကို အခြေခံပြီး ဆေးတံအပါအဝင် အခြားလက်မှုပစ္စည်း အမျိုးမျိုး ထုတ်လုပ်နေတဲ့ လက်မှုလုပ်ငန်းတွေ ပိတ်သိမ်းထားရတာ အခုဆိုရင် နှစ်နှစ်နီးပါး ရှိလာပြီး ဖြစ်ပါတယ်။

အရင်က ဆေးတံလက်မှုပစ္စည်းတွေကို ရခိုင်ပြည်နယ်၊မန္တလေးတိုင်းနဲ့တနင်္သာရီတိုင်းတို့မှာ အများဆုံး တင်ပို့ရောင်းခွင့်ရခဲ့ပေမယ့် အခုအခါမှာတော့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် မှာယူသူ မရှိသလောက် ဖြစ်နေပါတယ်။

May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...