NLD ပါတီဝင် နော်စေးဖောအား စစ်ကောင်စီက ဖမ်းဆီးပြီးနောက် မိသားစုနှင့်တွေ့ခွင့်မပေး

NLD ပါတီဝင် နော်စေးဖောအား စစ်ကောင်စီက ဖမ်းဆီးပြီးနောက် မိသားစုနှင့်တွေ့ခွင့်မပေး

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီ၏ EC အဖွဲ့ဝင်နှင့် အမျိုးသမီး ရေ ရာကော်မတီ ဥက္ကဋ္ဌ ဖြစ်သော နော်စေးဖောအား စစ်ကောင်စီက ဖမ်းပြီးနောက် မိသားစုနှင့်တွေ့ခွင့်မပေးထား ကြောင်း သိရသည်။

နော်စေးဖောအား ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက် ညဉ့်သန်းခေါင် ချိန်တွင် ၎င်းတိမ်းရှောင်နေသည့် ကော့ကရိတ်မြို့တောင်ပိုင်း အံဖကြီးရွာတွင် စစ်ကောင်စီတပ်၏ ဝင်ရောက်ဖမ်းဆီးခြင်းကို ခံရခြင်းဖြစ်သည်ဟု သူမနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ထိုသို့ စစ်ကောင်စီမှ ဖမ်းဆီးပြီးနောက် စစ်ကြောရေးတွင်ထားကာ ၎င်း၏ မိသားစုဝင်များနှင့် တွေ့ခွင့်မပေး ကြောင်း ၎င်းက ဆက်ပြောသည်။

နောစေးဖောသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း စစ်အာဏာသိမ်းမှုလူထုဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သဖြင့် စစ်ကောင်စီအဖွဲ့မှ ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဝရမ်းထုတ်ထားခြင်းခံရသူလည်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်ခန့်က ကော့ကရိတ်မြို့ တောင်ပိုင်း ကျေးရွာများဖြစ်သော ကော့နွဲရွာနှင့် အနီးဝန်းကျင်၌ စစ်ကောင်စီတပ်နှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ(၆) ပူးပေါင်း အဖွဲ့များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ပစ်ခတ်တိုက် ခိုက်မှုများ ပြုလုပ်လာသဖြင့် နှစ်ဖက်ထိခိုက် ကျဆုံးမှုများ ရှိခဲ့သည်။

လက်ရှိအခြအနေမှာ ကော့ကရိတ်မြို့ တောင်ပိုင်း ကျေးရွာများဘက်တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး သည့်သဖွယ် အင်အားတိုးချဲ့လာမှုများကြောင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်၍ အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံပြည်သူ တစ်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

 

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...