မူးယစ်ဆေးဝါးအကြောင်းပြပြီး ထားဝယ်ဒေသခံ (၂၀၀)ကျော်ကို စစ်ကောင်စီ ဖမ်းဆီးခဲ့

မူးယစ်ဆေးဝါးအကြောင်းပြပြီး ထားဝယ်ဒေသခံ (၂၀၀)ကျော်ကို စစ်ကောင်စီ ဖမ်းဆီးခဲ့

တနင်္သာတိုင်းဒေသကြီး ထားဝယ်မြို့နယ်မှာ စစ်ကောင်စီက မူးယစ်ဆေးဝါးအကြောင်းပြချက်နှင့် ဒေသခံ (၂၀၀)ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်း လူ့အခွင့်အရေးလှုပ်ရှားနေသူတွေက ပြောပါတယ်။

ဖမ်းဆီးမှုတွေကို ဇန်နဝါရီလဆန်းပိုင်းကတည်းက စတင်ခဲ့တာဖြစ်ပြီး အဖမ်းခံရသူတွေထဲမှာ သက်ကြီးရွယ်အိုတွေအပြင် လူလတ်ပိုင်း အမျိုးသမီးတွေနှင့် အမျိုးသားတွေလည်း ပါဝင်နေပါတယ်။

“အရင်က လူငယ်ပိုင်းတွေကိုဘဲ ဖမ်းတယ်။ အကြောင်းပြတာက PDF နဲ့ပတ်သက်တာ၊ ကူညီထောက်ပံတာပေါ့။ ခုနောက်ပိုင်း တစ်ခုထူးလာတာက နိုင်ငံရေးအမှုတွေထက် မူးယစ်ဆေးဝါးအကြောင်းပြ ဖမ်းဆီးလာတာတွေများလာတယ်။ ဒီလိုလုပ်တာဟာ ပုံဖျက်ချင်လို့ ဖြစ်နိုင်တယ်။ မူးယစ်ဆေးဝါးဆိုရင် ဖမ်းဆီးခံရသူတွေအပေါ် လူတွေက စိတ်ဝင်စားမှုလျော့လာမယ်လို့ ယူဆတာထင်တယ်။ အဲလိုပုံစံတွေနဲ့ဖမ်းခံရတာ တော်တော်များနေပြီး။ ကျွန်တော်တို့ သိရတာထက်ကို ပိုများနေတယ်။ မဆိုင်တဲ့သူတွေလဲ ဖမ်းဆီးခံရတာမျိုးတွေရှိတယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဖမ်းခံရသူတွေကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ငွေကြေးတောင်းခံတာတွေရှိပြီး ငွေကြေးပေးနိုင်သူတွေကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းဒေသကြီးတစ်ခုလုံးမှာ ဖမ်းဆီးခံရသူ ၉၅၀ နီးပါးရှိခဲ့ပြီး ၆၉ ဦးဟာ ပစ်သတ်ခံထားရတယ်လို့ ဒေသတွင်း ဖမ်းဆီးခံရသူများကို စာရင်းပြုစုနေတဲ့ ပျားကလေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...