အာဏာသိမ်းကာလအတွင်း အမျိုးသမီးတွေ ပိုမို အကြမ်းဖက်ခံနေရ

အာဏာသိမ်းကာလအတွင်း အမျိုးသမီးတွေ ပိုမို အကြမ်းဖက်ခံနေရ

စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်နီးပါးကာလအတွင်း မွန်ပြည်နယ်မှာတော့ အမျိုးသမီးတွေဟာ အကြမ်းဖက်ခံရမှုတွေကို ပိုမိုရင်ဆိုင်ခဲ့ရတယ်လို့ အမျိုးသမီးအရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့အတူ စစ်တပ် အာဏာသိမ်းမှုကြောင့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာပြီး မိသားစုစားဝတ်ရေး အခက်အခဲကြောင့် အမျိုးသမီးအများစုဟာ အိမ်တွင်း အကြမ်းဖက်မှု ဒဏ်ကို အကြီးအကျယ်ခံစားနေရတာ ဖြစ်ပါတယ်။

“အများဆုံးဖြစ်နိုင်တာကတော့ နိုင်ငံရေးအကြပ်အတည်း။ ဘာလို့ဆို ပထမဦးဆုံးက ကိုဗစ်ကပ်ရောဂါကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ တော်တော်များများလည်း ဆုံးရှုံးသွားတာ ရှိတယ်။လူတွေလျှော့တာရှိတယ်။နောက်ပိုင်းမှ ပြန်လည်နလန်ထူလာနိုင်မလားဆိုပြီး ဖြစ်နေတဲ့အချိန်မှာပဲ နိုင်ငံရေးအပြောင်းအလဲဖြစ်သွားတော့ အဲဒီဟာကြောင့် အကျိုးသက်ရောက်မှု ပိုပြင်းသွားတယ်” လို့ အမျိုးသမီးအရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။

နွေးထွေးသော ရင်ခွင်အဖွဲ့ရဲ့ လက်လှမ်းမီသလောက် ကူညီဆောင်ရွက်ပေးရတဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၁ တစ်နှစ်တာအတွင်းမှာ ရေး၊မော်လမြိုင်၊ကျိုက်မရော၊ချောင်းဆုံနဲ့ သထုံမြို့တို့မှာ သက်ငယ်မုဒိမ်းမှု ၁၃ မှုရှိခဲ့ပြီး ကာမလိမ်လည်မှုအပါအဝင် အိမ်တွင်းအကြမ်းဖက်ခံရမှုဟာ အများဆုံးဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေဟာ အကြမ်းဖက်ခံရတဲ့ ဖြစ်စဉ်တွေကို သွားရောက် အမှုဖွင့် တိုင်ကြားတဲ့အခါ ရဲတပ်ဖွဲ့က ပိုက်ဆံမပေးရင် အမှုမဖွင့်ပေးတဲ့အတွက် ဥပဒေ အကာအကွယ်ပေးမှုကို ဆုံးရှုံးနေကြရပါတယ်။

တစ်ဖက်မှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ပြီး ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေဟာ အကျဥ်းထောင်နဲ့ စစ်ကြောရေးတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း ခံစားနေကြရတယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဆိုကြပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...