မြန်မာနိုင်ငံ စစ်ဘေးရှောင် သုံးသိန်းခွဲကျော်ရှိ

မြန်မာနိုင်ငံ စစ်ဘေးရှောင် သုံးသိန်းခွဲကျော်ရှိ

၂၀၂၂ ခုနှစ် ဇန်နဝါရီလစာရင်းတွေအရ မြန်မာနိုင်ငံမှာ စစ်ဘေးတိမ်းရှောင်နေရသူ သုံးသိန်းခွဲကျော်ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဇန်နဝါရီလ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဇန်နဝါရီလထဲမှာ ကရင်နီပြည်နယ်  လွိုင်ကော်မြို့က စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြားက တိုက်ပွဲတွေကြောင့် မြို့လူဦးရေ ထက်ဝက်ကျော်က ထွက်ပြေးတိမ်းရှောင်ခဲ့ကြနေကြရပါတယ်။  

အဲ့ထဲမှာမှ လူဦးရေ ငါးထောင်လောက်က ရှမ်းပြည်နယ် တောင်ပိုင်းကို ထွက်ပြေးတိမ်းရှောင်ကြသလို ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ဘက်ကိုလည်း လူတစ်ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာ ဖြစ်ပါတယ်။

UNOCHA ရဲ့ ထုတ်ပြန်တဲ့ စာရင်းတွေအရ  မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ။  လူနှစ်သိန်းကျော် နဲ့ အနောက်မြောက်ပိုင်းမှာ တစ်သိန်းခွဲလောက်က တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံဘက်ကိုလည်း ကူးသွားပြီး ထွက်ပြေးတိမ်းရှောင်နေရသူတွေလည်း ရှိနေပြီး လုံခြုံရေးကန့်သန်ချက် ၊ စစ်ရေးရေးထူထပ်မှုတွေကြားက ဒေသခံမိတ်ဖက်တွေနဲ့ အရေးပေါ်ကူညီမှုတွေပေးအပ်နေကြောင်းဆိုပါတယ်။

မြန်မာနိုင်ငံ မကွေး နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာလည်း စစ်ကောင်စီရဲ့ နဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြားက တိုက်ပွဲတွေကြောင့် ကျေးရွာအလိုက် ထွက်ပြေးတိမ်းရှောင်နေရမှုတွေလည်းရှိနေပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကိုင်း ၊မကွေး ၊  ချင်း ၊ ကရင်နီ နဲ့ ကရင် ပြည်နယ်တို့မှာ တိုက်ပွဲက ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေက ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...