ဟုမ္မလင်းမြို့နမ်ပတ်ကားကျေးရွာအနီး စစ်ကားတစ်စီးမိုင်းခွဲ တိုက်ခိုက်ခံရ

ဟုမ္မလင်းမြို့နမ်ပတ်ကားကျေးရွာအနီး စစ်ကားတစ်စီးမိုင်းခွဲ တိုက်ခိုက်ခံရ

ဟုမ္မလင်းမြို့နယ် နောင်ဖာမူကျေးရွာ အုပ်စု နမ်ပတ်ကားကျေးရွာ နဲ့ နတ်နန်းစျေးတန်း ကြားမှာ ဇန်နဝါရီလ ၁၈ ရက်နေ့  မနက်ပိုင်းမှာ မိုင်းခွဲတိုက်ခိုက်ခံလိုက်ရပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံရမှုအပြီး သေနတ်ပစ်ခတ်သံများလည်း ထွက်ပေါ်ခဲ့ကြောင်း ဒေသခံတွေက ဆိုပါတယ်။

ဒီမိုင်းခွဲတိုက်ခိုက်မှုကို  ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သူတို့ရဲ့ လက်ချက်ဖြစ်ကြောင်း မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒီမိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၅) ဦးသေဆုံးကြောင်း  ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသော်လည်း ဒေသခံတွေရဲ့ ပြောဆိုမှုအရတော့ သေဆုံးမှုမရှိကြောင်းပြောဆိုကြသည်။

ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်က မနေ့က နေစတင်ပြီး စစ်အာဏာရှင် အမြစ်ပြတ်ရေးအတွက် လက်နက်ကိုင် လမ်းစဉ်ကို စတင်လိုက်ခြင်းဖြစ်ကြောင်း ပြောဆိုထားပါတယ်။

မနှစ်ကလည်း ဟုမ္မလင်းမြို့နယ်ထဲမှာ ဒလန်ရှင်းလင်းရေးခေါင်းစဉ် နဲ့ ဒေသခံ (၃) ဦးထက်မနည်းသေဆုံးခဲ့ပြီး အဲ့ဖြစ်စဉ်က ဘယ်သူ့လက်ချက်လဲဆိုတာ မသိရသေးပါဘူး။

ဒါ့အပြင် ဟုမ္မလင်းမြို့နယ်ထဲက အထက်ချင်းတွင်းဒေသ ပျောက်ကျားတပ်ဖွဲ့ အမည်ရှိတဲ့ အဖွဲ့ကလည်း ၂၀၂၁ ခုနှစ်ထဲမှာ ပေါ်ထွက်လာပြီး မိုင်တဲတာဝါတိုင် နှစ်တိုင် ကို ဖျက်ဆီးခဲ့တာလည်းဖြစ်ကြောင်း သိရပါတယ်။

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...