မြဝတီမြို့ သင်္ဃန်းညီနောင်ရဲစခန်း ပစ်ခတ်ခံရ

မြဝတီမြို့ သင်္ဃန်းညီနောင်ရဲစခန်း ပစ်ခတ်ခံရ

ကရင်ပြည်နယ် မြဝတီမြို့ သင်္ဃန်းညီနောင်နယ်မြေရဲစခန်းအား ယနေ့ ဇန်နဝါရီ လ ၁၅ ရက် ည ၈ နာရီ အချိန်ခန့်က လက်နက်ကိုင်အဖွဲ့တစ်ခုမှ လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ဒီကနေ့ ည ၈ နာရီအချိန်ခန့် လောက်က ဖြစ်သွားတာ။ RPG လို့ ထင်ရတဲ့ လက်နက်ကြီးသံ ၁ ချက် နဲ့ လက်နက်ငယ်ပစ်ခတ်သံ အချက် (၃၀) နီးပါး ကြားရတယ်” ဟု သင်္ဃန်းညီနောင် နယ်မြေရဲစခန်းအနီး နေထိုင်သူတစ်ဦး က ပြောသည်။

အဆိုပါ ပစ်ခတ်မှုမှာ ရဲစခန်းထဲသို့ ဝင်ကာ ပစ်ခတ်ခြင်းမဟုတ်ဘဲ ခပ်လှမ်းလှမ်းမှ လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းဘက်ကလည်း လက်နက်ငယ်ဖြင့် ပြန်လည်ပစ်ခတ်မှုများရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထိုသို့ မြဝတီမြို့နှင့် ၉ မိုင်ခန့်အကွာ သင်္ဃန်းညီနောင်နယ်မြေရဲစခန်း ပစ်ခတ်ခံရပြီးနောက် ၎င်းနေရာအနီးဝန်းကျင်ရှိ အာဝါဒေး လောင်းကစားဝိုင်းမှ ဇာတ်ပွဲသံများ တိတ်ဆိတ်သွားသော်လည်း မြဝတီမြို့ပေါ်ရပ်ကွက်အသီးသီးရှိ အာဝါဒေးလောင်းကစားဝိုင်းမှ ဇာတ်ပွဲများမှာမူ ဆူညံလျက် ရှိနေဆဲဖြစ်သည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...