မြဝတီမြို့ သင်္ဃန်းညီနောင်ရဲစခန်း ပစ်ခတ်ခံရ

မြဝတီမြို့ သင်္ဃန်းညီနောင်ရဲစခန်း ပစ်ခတ်ခံရ

ကရင်ပြည်နယ် မြဝတီမြို့ သင်္ဃန်းညီနောင်နယ်မြေရဲစခန်းအား ယနေ့ ဇန်နဝါရီ လ ၁၅ ရက် ည ၈ နာရီ အချိန်ခန့်က လက်နက်ကိုင်အဖွဲ့တစ်ခုမှ လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ဒီကနေ့ ည ၈ နာရီအချိန်ခန့် လောက်က ဖြစ်သွားတာ။ RPG လို့ ထင်ရတဲ့ လက်နက်ကြီးသံ ၁ ချက် နဲ့ လက်နက်ငယ်ပစ်ခတ်သံ အချက် (၃၀) နီးပါး ကြားရတယ်” ဟု သင်္ဃန်းညီနောင် နယ်မြေရဲစခန်းအနီး နေထိုင်သူတစ်ဦး က ပြောသည်။

အဆိုပါ ပစ်ခတ်မှုမှာ ရဲစခန်းထဲသို့ ဝင်ကာ ပစ်ခတ်ခြင်းမဟုတ်ဘဲ ခပ်လှမ်းလှမ်းမှ လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းဘက်ကလည်း လက်နက်ငယ်ဖြင့် ပြန်လည်ပစ်ခတ်မှုများရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထိုသို့ မြဝတီမြို့နှင့် ၉ မိုင်ခန့်အကွာ သင်္ဃန်းညီနောင်နယ်မြေရဲစခန်း ပစ်ခတ်ခံရပြီးနောက် ၎င်းနေရာအနီးဝန်းကျင်ရှိ အာဝါဒေး လောင်းကစားဝိုင်းမှ ဇာတ်ပွဲသံများ တိတ်ဆိတ်သွားသော်လည်း မြဝတီမြို့ပေါ်ရပ်ကွက်အသီးသီးရှိ အာဝါဒေးလောင်းကစားဝိုင်းမှ ဇာတ်ပွဲများမှာမူ ဆူညံလျက် ရှိနေဆဲဖြစ်သည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...