ICJ ကြားနာပွဲကို စစ်ကောင်စီကိုယ်စားလှယ်တွေ သွားရောက်ချေပဖို့ရှိ

ICJ ကြားနာပွဲကို စစ်ကောင်စီကိုယ်စားလှယ်တွေ သွားရောက်ချေပဖို့ရှိ

ဖေဖော်ဝါရီလမှာ ပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)   ကြားနာပွဲကို စစ်ကောင်စီကိုယ်စားလှယ်တွေ တက်ရောက်ဖို့နေရှိကြောင်း ရိုက်တာသတင်းဌာနက ရေးသားထားပါတယ်။

“ပေါင်းစပ်ကြားနာမှုကို ၂၀၂၂ ခု ဖေဖော်ဝါရီ  ၂၁ ရက်မှာ   စတင်ဖို့  စီစဉ်ထားတယ်”  လို့ ဂမ်ဘီယာရှေ့နေချုပ် ဒေါ်တာဂျာလို ကပြောကြားခဲ့ပါတယ်။

ICJ  မှာ တရားရင်ဆိုင်ဖို့  ၂၀၁၉ ခုနှစ်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်  သွားတက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်  ICJ နဲ့ မှာ တရားရင်ဆိုင်ဖို့ ကော်မတီအသစ်တစ်ရပ်ကို  စစ်ကောင်စီက အသစ်ဖွဲ့စည်းခဲ့ပါတယ်။

အဲ့ဒီ ကော်မတီမှ,  စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည်ဖြစ်ပြီး အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်နဲ့  ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ သီတာဦးက ဒု ဥက္ကဋ္ဌအဖြစ်ဦးဆောင်မှာဖြစ်ပါတယ်။

ဒီကြားနာပွဲကိုတော့  Covid19 ကြောင့် တချို့က လူကိုယ်တိုင် တက်ရောက်မှာဖြစ်ပြီးတော့ ၊ တချို့ကတော့ အွန်လိုင်းကတေ ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်တွေက နိုင်ငံတကာအသိအမှတ်ပြုမှုတွေရရှိဖို့အတွက် တိုက်ပွဲဝင်နေရပြီးတော့ ကုလသမဂ္ဂ ရဲ့ ထိပ်တန်းတရားရုံးမှာ တရားဝင်ကိုယ်စားလှယ်တွေအဖြစ် ပြသခွင့်ရဖို့ စိတ်အားထက်သန်နေတယ်လို့ ရိုက်တာသတင်းဌာနက ရေးသားထားပါတယ်။

Photo; 2019 ခုနှစ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ချေပခဲ့တဲ့ ICJ ကြားနာပွဲ (ICJ website)

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...