မြေပြင်တပ်အထိနာသောကြောင့် ဖလူးလေး DKBA စခန်းကို လေယာဉ်နှင့် စစ်ကောင်စီတပ် လာရောက်ပစ်ခတ်

မြေပြင်တပ်အထိနာသောကြောင့် ဖလူးလေး DKBA စခန်းကို လေယာဉ်နှင့် စစ်ကောင်စီတပ် လာရောက်ပစ်ခတ်

မြဝတီတောင်ဘက် လေးကေကော်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အထိနာသည့်အတွက် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် -DKBA တပ်စခန်းရှိရာ ဖလူးလေးကျေးရွာထဲတွင် ဒီဇင်ဘာ ၁၄ ရက် နေ့လည်အချိန်တွင် စစ်ကောင်စီတပ်မှ လေယာဉ်(၂)စီးနှင့်လာရောက်ပစ်ခတ်သွားသည့်အပြင် လက်နက်ကြီးများနှင့်လည်း လှမ်းပစ်ခတ်နေသည်ဟု နယ်မြေတာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ ဖလူးလေးကျေးရွာထဲတွင် ယနေ့နံနက် (၉)နာရီဝန်းကျင်ကတည်းက ဖလူကြီးအနီးတွင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လက်နက်ကြီးများနှင့် ဆက်တိုက်ပစ်ခတ်သည်မကဘဲ နေ့လည် (၁၂)နာရီခန့်တွင် ဟတ်စကီး ရဟတ်ယာဉ် (၂)စီးဖြင့် လာရောက်ထပ်မံဗုံးကြဲတိုက်ခိုက်သွားကြောင်း ဒေသခံထံမှ သိရသည်။

“မနေ့က သူတို့အထိနာလို့ လာပြီးပစ်တယ်လို့ ပြောလို့ရတယ်။ ရွာထဲကို လက်နက်ကြီးနဲ့တစ်မနက်လုံး လှမ်းပစ်တယ်။ အခု လေယာဉ်(၂)စီးနဲ့ လာပြီး ဗုံးထပ်ကြဲသွားတယ်။ လေယာဉ်ပြန်ပြီး နောက်မှာလည်း လက်နက်ကြီးတွေနဲ့ ပြန်ထပ်ပစ်တယ်။ ဖလူးလေးရွာထဲမှာ မီးခိုးတွေထွက်တာကိုတွေ့ရတယ်။ လူနေအိမ်တွေ ထိသွားတာရှိတယ်။ ”ဟု ဒေသခံတာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ပြောသည်။

အဆိုပါ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှုရှိသည်ဟု သိရှိရသော်လည်း ကေအိုင်စီအနေဖြင့် ဆက်လက်စုံစမ်းဆဲဖြစ်သည်။

ဖလူးလေးကျေးရွာရှိ DKBA တပ်ဖွဲ့လုံခြုံရေး စခန်းဖြစ်သည့် ဗိုလ်စလုံး စခန်းရှိရာနေရာတွင် ယမန်နေ့က စစ်ကောင်စီစစ်ကြောင်းထိုးဝင်ရောက် လာသည့်အတွက် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့နှင့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက် (၆)ဦးသေဆုံးပြီး (၇)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားခြင်းရှိသည်ဟု သိရသည်။

စစ်ကောင်စီဝင်ရောက်ပစ်ခတ်တိုက်ခိုက်သည့်အတွက် ဗိုလ်စလုံး - DKBA ယာယီစစ်ရှောင်စခန်းအတွင်း ဝင်ရောက်ခိုလှုံနေသည့် စစ်ရှောင် အယောက် (၃၀၀) ခန့်ကိုလည်း ထိုင်းနိုင်ငံဘက်ခြမ်းတွင်ကူးပြီး ပြောင်းရွှေ့ နေထိုင်ရသည်ဟု သိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...