KNU တပ်မဟာ (၅) တွင် စစ်ကောင်စီ ထပ်မံဗုံးကြဲ၍ ဒေသခံ ၁ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရ

KNU တပ်မဟာ (၅) တွင် စစ်ကောင်စီ ထပ်မံဗုံးကြဲ၍ ဒေသခံ ၁ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရ

ကေအဲန်ယူ ထိန်းချုပ်နယ်မြေ မူတြော်ခရိုင်တပ်မဟာ (၅)ရှိ ဒွယ်လိုးမြို့နယ် ဝေါ်မူကျေးရွာအုပ်စု ရွှေညောင်ပင်ကျေးရွာထဲတွင် ယနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ နံနက် ၁း၁၀ နာရီ အချိန်တွင် စစ်ကောင် စီတပ်မှ လေယာဉ်နှင့် ထပ်မံဗုံးကြဲတိုက်ခိုက်သောကြောင့် ဒေသခံ ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာ ရရှိသည်ဟု နယ်မြေခံ KNU တပ်မဟာ(၅)တာဝန်ရှိသူဘက်မှ ပြောသည်။

အဆိုပါ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်သည့်နေရာတွင် KNU တပ်မဟာ(၃)နှင့် နယ်စပ်ဖြစ်ပြီး ဒေသခံ ကျေးရွာထဲတွင် ဦးတည်ပစ်ခတ်မှုလုပ်နေသည့်အတွက် ဒေသခံများကိုသာ ထိခိုက်သေဆုံးမှု ရှိနေသည်ဟု KNUတပ်မဟာ(၅) ဗျူဟာမှူး ဗိုလ်မှူးကြီး စောထူးကရှောက ကေအိုင်စီသို့ပြောသည်။

၎င်းက “ဒီမနက်သူတို့ လာပစ်သွားတာက တပ်မဟာ (၃) ရွှေကျင်မြို့နယ်နဲ့အစပ်ပေါ့။ ဒါပေမယ့် တပ်မဟာ (၅)နယ်မြေထဲမှာပဲ။ သူများခေါ်တာက ရွှေညောင်ပင်နေရာပေါ့။ ထိခိုက်သေဆုံးသွားတာက ကျေးရွာလူတွေသက်သက်ပဲ။ ရမ်းပြီးပစ်ကြဲလိုက်တာ”ဟု ဗိုလ်မှူးကြီးစောထူးကရှောက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်ဘက်က လေယာဉ်၂ စင်းနှင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကာ ဗုံး(၄) လုံးကြဲသွားသောကြောင့် ဒေသခံထိခိုက်သေဆုံးမှုအပြင် အဆောက်အဦး (၅)လုံးလည်း ထိခိုက်ပျက်စီးသွားသည်ဟု KNU သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့နံနက်တွင် ထုတ်ပြန် ထားသည်။

KNU တပ်မဟာ(၅)နယ်မြေ ဒွယ်လိုးမြို့နယ်ထဲတွင် ယခုလအတွင်းစစ်ကောင်စီတပ်မှ လေယာဉ်နှင့် ဆက်တိုက် လာရောက်ဗုံးကြဲတိုက်ခိုက်မှုရှိကာ တစ်လအတွင်း (၃) ကြိမ်မြောက်ရှိနေပြီဖြစ်သည်။ ယခင် ပစ်ခတ်သွားသည့် ၂ ကြိမ်တွင် ဒေသခံလူထုများ ထိခိုက်မှုမရှိသော်လည်း ဆေးရုံနှင့် ဆေးခန်းအဆောက်အဦး ထိခိုက်ပျက်စီးသွားခြင်းရှိသည်ဟု သိရသည်။

ထို့အပြင် လေယာဉ်နှင့် လာရောက် ဗုံးကြဲတိုက်ခိုက်သွားသည့် (၃)ကြိမ်ထဲတွင် (၂)ကြိမ်မှာ ညသန်းခေါင်းယံအချိန်တွင် ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...