BGF တပ် စစ်ကောင်စီနဲ့ ဆက်လက် ပူးပေါင်းရင် တိုက်ခိုက်မယ်လို့ KNLA တပ်မဟာ ၅ သတိပေး

BGF တပ် စစ်ကောင်စီနဲ့ ဆက်လက် ပူးပေါင်းရင် တိုက်ခိုက်မယ်လို့ KNLA တပ်မဟာ ၅ သတိပေး

ကရင်နယ်ခြားစောင့်တပ် BGF အနေနဲ့ စစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်းရင် မတိုက်ချင်ဘဲ တိုက်ခိုက်ရလိမ့်မယ်လို့ KNLA တပ်မဟာ (၅) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောမူဟဲက ဇန်နဝါရီလ ၁၂ ရက်နေ့မှာ လက်မှတ်‌‌ရေးထိုးပြီး ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီက KNLA တပ်မဟာ(၅)နယ်မြေထဲမှာ စစ်အုပ်ချုပ်ရေး ချမှတ်အုပ်ချုပ်နိုင်ဖို့ ကြိုးစားလာပေမယ့် KNLA တပ်မဟာ(၅)ရဲ့ ခုခံကာကွယ် တွန်းလှန်နေတာကြောင့် စစ်အုပ်ချုပ်ရေးမချနိုင်ဘဲ ဖြစ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

စစ်အုပ်ချုပ်ရေး ချမှတ်နိုင်ဖို့အတွက် လိုအပ်တဲ့ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာတွေကို စစ်ကောင်စီတပ်စခန်း အသီးသီးကို ရောက်ရန် ကြိုးစားနေပေမယ့် KNLA တပ်မဟာ(၅)က ဟန့်တားနေတာကြောင့် စစ်ကောင်စီတပ်စခန်းတွေဆီ လက်နက်ခဲယမ်းနဲ့ရိက္ခာတွေ မရောက်နိုင်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ဗျူဟာအရ လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ စစ်ကောင်စီတပ်တွေဆီ မရောက်ရေးအတွက် တပ်မဟာ ၅ မှ တိုက်ခိုက်ဟန့်တားနေပေမယ့် ကရင်နယ်ခြားစောင့်တပ် BGF က ပစ္စည်းသယ်ဖို့အတွက် လမ်းလုံခြုံရေးယူပေးတာ၊ သယ်ယူပို့ဆောင်ပေးတာတွေကို လုပ်ဆောင်နေတယ်လို့ သတိပေးစာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ဇန်နဝါရီ ၁၅ ရက်ကစပြီး ကရင်နယ်ခြားစောင့်တပ် BGF အနေနဲ့ စစ်ကောင်စီတပ်ကို ကူညီနေမယ်ဆိုရင် ကရင်လူမျိုးချင်းဖြစ်ပေမယ့်လည်း မတိုက်ချင်သော်လည်း တပ်မဟာ ၅ နယ်မြေအတွင်း ဘယ်နေရာမှာမဆို တိုက်ခိုက်တော့မှာဖြစ်တယ်လို့ သတိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။

ကျေးရွာသားတွေအနေနဲ့လည်း စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံ BGF တပ်ဖွဲ့ဝင်တွေနဲ့ ရော ရောနှောနှော နေထိုင်ခြင်းမပြုဖို့၊ ကျေးရွာပြည်သူတွေအနေနဲ့ စစ်ကောင်စီက ခန့်အပ်တာဝန်ပေးမယ့် တာဝန်အဆင့် ဆင့်ကို လုံးဝတာဝန်ယူလက်ခံခြင်းမပြုဖို့နဲ့ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းက ကျေးရွာနေပြည်သူအားလုံးက KNU ဗဟိုရဲ့ လမ်းညွှန်ချက်အတိုင်း KNU ခရိုင်အဆင့်မှ ရှိနှင့်ပြီးသော စည်းမျဉ်းဥပဒေများအတိုင်း လိုက်နာပြီး ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုကို လိုက်နာဖို့အတွက် ထုတ်ပြန်ထားပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...