KNU တပ်မဟာ(၅)ကို စစ်ကောင်စီက လေယာဉ်ဖြင့် ညသန်းခေါင်ချိန်တိုက်ခိုက်၊ ပျက်စီးမှုများရှိ

KNU တပ်မဟာ(၅)ကို စစ်ကောင်စီက လေယာဉ်ဖြင့် ညသန်းခေါင်ချိန်တိုက်ခိုက်၊ ပျက်စီးမှုများရှိ

KNU မူတရော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅)နယ်မြေကို စစ်ကောင်စီဘက်က ဇန်နဝါရီလ ၁၂ရက် မနက် ၁း၀၅နာရီအချိန်တွင် လေယာဉ်ဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ဒွယ်လိုးမြို့နယ်ရှိ ဝါးခါ့ဒဲဆေးရုံ အဆောက်အဦးများ ပျက်စီးသွားခဲ့ကြောင်း နယ်မြေခံ KNU တာဝန်ရှိသူများထံမှ သိရသည်။

လာရောက်တိုက်ခိုက်သည့် လေယာဉ်အမျိုးအစားကို အတိအကျ မသိရသော်လည်း ဇန်နဝါရီလ ၁၂ရက်၊ မနက် ၁၂း၄၅ နာရီ ညသန်းခေါင်ချိန်ခန့်တွင် ရန်ကုန်မြို့တိုင်း၊ မှော်ဘီမြို့နယ်ထဲမှ ဂျက်တိုက်လေယာဉ် ပျံသန်းထွက်ခွာသွားကြောင်း ကြားသိရသူများက ကေအိုင်စီသို့ ပြောသည်။

အချိန် ၂မိနစ်ခန့်သာ ကြာမြင့်သည့် အဆိုပါတိုက်ခိုက်မှုတွင် လေယာဉ်မှ ဗုံး ၅လုံး ပစ်ချသွားခဲ့ရာ ဒွယ်လိုးမြို့နယ်ရှိ ဝါးခါ့ဒဲဆေးရုံကို ၂လုံး ထိမှန်ပေါက်ကွဲခဲ့ပြီး လယ့်ဂေးထာ့ကျေးရွာထဲသို့ ၃လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

အသေးစိတ် အခြေအနေကို ကေအိုင်စီအနေဖြင့် KNU မူတရော်ခရိုင် တာဝန်ရှိသူများထံ ဆက်လက် မေးမြန်းကာ ထပ်မံ ဖော်ပြသွားမည်ဖြစ်သည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...