မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ အဂတိမှု ရုံးထုတ်စစ်ဆေး

မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ အဂတိမှု ရုံးထုတ်စစ်ဆေး

ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု ၉ မှုစလုံးအတွက် ဇန်နဝါရီ ၁၀ ရက်နေ့မှာ ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။

အဆိုပါ ရုံးချိန်းမှာတော့ ဝန်ကြီးချုပ် ရှေ့နေအဖွဲ့က အဂတိမှုတွေအတွက် ပြန်လည် ခုခံဖို့ ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ တာဝန်ယူစဉ် ဆောင်ရွက်ခဲ့တဲ့ အစိုးရအဖွဲ့ရဲ့ စာရွက်စာတမ်းတွေကို တရားရုံးတော်က ဆင့်ခေါ်စာ (သမ္မန်စာ) ထုတ်ပေးဖို့ တင်ပြခဲ့တာပါ။

ဒါပေမယ့် တရားသူကြီးဘက်ကတော့ အမှု ၉ မှုမှာ အမှု ၂ မှုကို ပယ်ချပြီး၊ ကျန် ၇ မှုအတွက် လာမယ့် ရုံးချိန်းမှာ တရားရုံးတော်က ဆင့်ခေါ်စာ ထုတ်ပေး မပေး အမိန့်ချမှတ်သွားမယ်လို့ ဆိုပါတယ်။

ပယ်ချခံရတဲ့ အမှု ၂ မှုအတွက် စစ်ဆေးရာမှာတော့ ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက အပြစ်မရှိကြောင်း ထွက်ဆိုခဲ့တာပါ။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျိုက်မရောဗဟိုအကျဉ်းထောင်ရှိ အထူးတရားရုံးဖွင့်လှစ်ပြီး စစ်ဆေးနေတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှုတွေအတွက် ပြစ်မှုထင်ရှားရင် တစ်မှု ထောင်ဒဏ် ၁၅ နှစ်နှုန်းနဲ့ အမှု ၉ မှုအတွက် ထောင်ဒဏ် ၁၃၅ နှစ်ထိ ပြစ်ဒဏ်ကျခံရနိုင်ပါတယ်။

လက်ရှိမှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး စွပ်စွဲချက်နဲ့ အမှု ၃ မှု ထပ်တိုးဖွင်လှစ်ထားပြီး၊ အမှုပေါင်း ၁၂ မှုအတွက် တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...