KNLA ဗဟိုဆေးဌာနမှ ဆေးတပ်ဖွဲ့ဝင် ၁၀၀ကျော် ထပ်မံ မွေးထုတ်

KNLA ဗဟိုဆေးဌာနမှ ဆေးတပ်ဖွဲ့ဝင် ၁၀၀ကျော် ထပ်မံ မွေးထုတ်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဗဟိုဆေးဌာနမှ (၃၄)ကြိမ်မြောက် ဖွင့်လှစ်ခဲ့သည့် အခြေခံဆေး သင်တန်းတွင် ဆေးတပ်ဖွဲ့ဝင် သင်တန်းသူ သင်တန်းသား ၁၁၆ဦးကို သင်ကြားပို့ချကာ ယနေ့ သင်တန်းဆင်းပွဲ ပြုလုပ် ပေးခဲ့သည်။

KNU-ကရင်အမျိုးသားအစည်းအရုံး၏ တပ်မဟာ (၅)ခုကို ကိုယ်စားပြုကာ တက်ရောက်ခဲ့ကြသော သင်တန်းသားများ အပြင် အခြားမဟာမိတ်အဖွဲ့နှင့် နယ်စပ်အခြေစိုက် ကျန်းမာရေးဝန်ဆောင်မှုပေးနေသည့် အဖွဲ့အစည်းများမှ သင်တန်း သားများအနက် သင်တန်းသူ ၆၉ဦးနှင့် သင်တန်းသား ၄၇တို့တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းပွဲကို KNLA ဌာနချုပ် တွင် ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

သင်တန်းကာလ ၆လကြာ သင်ကြားပေးခဲ့သည့် အဆိုပါအခြေခံဆေးသင်တန်းတွင် အခြေခံ စစ်ပညာ အပါအဝင် ခန္ဓာ ဗေဒ၊ သူနာပြုစုနည်း၊ သားဖွား၊ လူထုကျန်းမာရေး၊ ရှေးဦးသူနာပြု၊ မျက်လုံးပြုစုကုသနည်း၊ ဆေးဝါးကျွမ်းကျင်မှုဘာ သာရပ်များကို လေ့ကျင့်သင်ကြားပေးခဲ့ကြောင်းလည်း သိရသည်။

ယနေ့ ပြုလုပ်ခဲ့သည့် သင်တန်းဆင်းပွဲသို့ KNU တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစောလှထွန်း၊ KNLA ဗဟို စစ်ရေးချုပ် ဗိုလ်မှူးချုပ်မန်းရှာထုဝေါင်း၊ ဖားအံခရိုင်ဥက္ကဌ ပဒိုစောအောင်မော်အေး၊ သင်တန်းဥက္ကဌ KNLA ဆေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်စေးဒေးကဲ၊ မြန်မာနိုင်ငံ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) အလုပ်အမှုဆောင်အဖွဲ့ဝင် ဆလိုင်းယောအောင်၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ကျန်းမာရေးဌာန ဒုဝန်ကြီးဒေါက်တာရွှေပုံ၊ နယ်စပ်ကျန်း မာရေးအဖွဲ့များမှ တာဝန်ရှိသူတချို့နှင့် သင်တန်းဆရာများလည်း တက်ရောက်ခဲ့ကြသည်။

ယခင် ဖွင့်လှစ်ခဲ့သည့် အခြေခံဆေးသင်တန်းများတွင် ကရင် အပါအဝင် အခြားသော တိုင်းရင်းသား သင်တန်းသူသင် တန်းသားများပါ တက်ရောက်ခဲ့ကြသော်လည်း ယခုနှစ်တွင်မူ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုနှင့် စစ်တပ် အာဏာသိမ်းမှု များကြောင့် အခြားတိုင်းရင်းသားများ ပါဝင်နိုင်ခြင်းမရှိကြောင်းလည်း တာဝန်ရှိသူများထံမှ သိရသည်။

အလားတူ ပြီးခဲ့သည့် (၃၃)ကြိမ်မြောက် သင်တန်းတွင် ကရင်နှင့် အခြားတိုင်းရင်းသားမဟာမိတ်အဖွဲ့များမှ သင်တန်း သူသင်တန်းသား (၅၄)ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ယခုနှစ် သင်တန်းမှာ ယခင် သင်တန်းများထက် ဆေးတပ်ဖွဲ့ဝင် အများ ဆုံး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...