ကော့ကရိတ်မြို့နယ်က ရွာတစ်ရွာကို စစ်ကောင်စီလေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်

ကော့ကရိတ်မြို့နယ်က ရွာတစ်ရွာကို စစ်ကောင်စီလေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်

ကော့ကရိတ်မြို့နယ်ရှိ မောင်းမရွာသစ်ကို ဇန်နဝါရီ ၁၀ ရက် ဒီကနေ့မွန်းလွဲပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတဦးက သံလွင်တိုင်းမ်ကို ဆက်သွယ်ပြောကြားခဲ့ပါတယ်။

သံလွင်တိုင်းမ်သတင်းဌာနစုံစမ်းကြည့်မှုအရ အဆိုပါလေယာဉ် (၂)စီးမှာ မွန်းလွဲ (၂)နာရီဝန်းကျင်ခန့်က ပျံသန်းလာတာဖြစ်ပြီး မွန်းလွဲ(၂း၃၀)ခန့်မှာ အဆိုပါကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့သလို ရွာသားတွေလည်း ထိခိုက်မှုတွေရှိတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ကော့ကရိတ်မြို့နယ်ကို ဆက်တိုက် ထိုးစစ်ဆင်နေပြီး နေ့စဉ် လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေပြုလုပ်နေခဲ့တာပါ။

ဒီကနေ့မှာတော့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ထိခိုက်မှုစာရင်း အတိအကျကိုတော့ သံလွင်တိုင်းမ်က ဆက်လက်စုံစမ်းနေပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...