ဒေးဒရဲ ပညာရေးမှူးရုံးရှေ့ ဗုံးနှစ်လုံးဆင့်ကွဲ

ဒေးဒရဲ ပညာရေးမှူးရုံးရှေ့ ဗုံးနှစ်လုံးဆင့်ကွဲ

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့ရှိ ပညာရေးမှူးရုံးရှေ့တွင် ဇန္နဝါရီလ ၆ ရက်နေ့ နေ့လည် ၁၂ နာရီ ခန့်က ဗုံး ၂ လုံးဆင့် ပေါက်ကွဲ့ခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့များက မသင်္ကာသူတစ်ချို့ကို ဖမ်းဆီးထားသည်ဟု မြို့ခံများက ပြောသည်။

ဒေးဒရဲ-ရန်ကုန်လမ်းရှိ ဒေးဒရဲမြစ်ကူး တံတား အဆင်း ကားကြီးဝန်း အရှေ့လမ်းတစ်ဘက် ရှိ မြို့နယ် ပညာရေး ရုံး အဝင်လမ်း၏ ပလက်ဖောင်းပေါ်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“အုန်း ကနဲ၊ အုန်း ကနဲ ပေါက် ကွဲသံကို စက္ကန့် ၂၀ လောက်ခြားပြီး ကြားရတယ်။ လူသေတာ အဆောက်အဦ ပျက်စီးတာမရှိဘူး။ လာစစ်တဲ့ စစ်ဗိုလ်ကတော့ လက်လုပ်မိုင်း ပေါက်တာလို့ပြောတယ်" ဟု ပညာရေးမှုးရုံး ဝန် ထမ်းတစ်ဦးက အတည်ပြု ပြောဆိုသည်။

ဒေးဒရဲ ကားကြီးဝန်းမှာ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ကပ်လျှက်ရှိပြီး၊ ပညာရေးမှူးရုံးဝန်း အတွင်း၌ အခြေခံ ပညာ ကျောင်းတစ်ကျောင်းရှိသည်။

ယခုဗုံးပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာသည် လုံခြုံရေး တင်းကြပ်ထားသည့် ဧရိယာ အတွင်းဖြစ်ပြီး နေ့လည် လူ အသွားအလာ နည်းသွားသည့် အချိန်တွင် ပေါက်ကွဲခြင်း ဖြစ်သည်ဟု ပညာရေးမှူးရုံး ဝန်ထမ်းက ဆက် ပြော သည်။

ဒေးဒရဲ့ မြို့ခံ ကိုလင်းလင်း က "မြို့အဝင်အထွက် လမ်းတွေကို ပိတ်ဆို့စစ်နေတယ်။ ဘယ်နှစ်ယောက် အဖမ်းခံရ အုန်း မလဲ မသိဘူး။ မြို့အဝင် သမ ရုံးရှေ့ ဗုံးပေါက်တုန်းက မသင်္ကာလို့ ဖမ်းထားတဲ့သူ တချို့လည်း အခုထိ ပြန် မလွတ်သေးဘူး" ဟု ပြောသည်။

ဒေးဒရဲမြို့ ပညာရေးမှူးရုံးက ပညာရေးဝန်ထမ်းများကို စစ်ကောင်စီ အလိုကျ ဖိအားပေး ဆောင်ရွက်နေသည့် အတွက် သတိပေးသည့် အနေဖြင့် လူထိခိုက်မှု မဖြစ်ရအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ ဧရာဗေဒါ ပြောက်ကျား အဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။

ဒေးဒရဲမြို့နယ် ပညာရေးမှူးရုံးမှ CDM ပညာရေး ဝန်ထမ်းများ ဆရာ၊ ဆရာမများကို စစ်ကောင်စီက ဖမ်းဆီးရန် စုံ စမ်းခြင်း၊ အလုပ်ပြန်ဝင်ရန် မိသားစုဝင်များကို ဖိအားပေးခြင်း၊ ယခင် NLD အစိုးရလက်ထက် ဝန်ထမ်းချေးငွေ များကို ဖိအားပေး ပြန်ဆပ်ခိုင်းခြင်းတို့ ပြုလုပ်နေသည်ဟု CDM ဝန်ထမ်းအချို့၏ ပြောပြချက်အရ သိရသည်။

February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...