မွန်ပြည်နယ်မှာ အခုနောက်ပိုင်း ဖမ်းဆီးခံရသူတွေ အကြမ်းဖက် ဥပဒေတွေနဲ့ အမှုဖွင့်ခံရ

မွန်ပြည်နယ်မှာ အခုနောက်ပိုင်း ဖမ်းဆီးခံရသူတွေ အကြမ်းဖက် ဥပဒေတွေနဲ့ အမှုဖွင့်ခံရ

မွန်ပြည်နယ်မှာ အခုနောက်ပိုင်း ဖမ်းဆီးခံရတဲ့သူတွေကို အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ ဆက်တိုက် အမှုဖွင့်လာတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီဟာ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲ ပါဝင်ခဲ့တဲ့သူနဲ့ စစ်ကောင်စီအား ဝေဖန်သူတွေကို ဆက်တိုက်ဖမ်းဆီးနေသလို ဖမ်းဆီးရမိရင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး အကြမ်းဖက် ဥပဒေတွေနဲ့ အမှုဖွင့်လာတာပါ။

အကြမ်းဖက် ဥပဒေတွေနဲ့ အမှုဖွင့်ခံရတဲ့သူ အများစုဟာ ပြစ်မှုကျူးလွန်ကြောင်း ခိုင်လုံတဲ့ သက်သေမရှိဘဲ အမှုဖွင့်ခံရနေတဲ့အတွက်ကြောာင့် နစ်နာမှုတွေ အများကြီးရှိတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒါ့အပြင် အာဏာသိမ်း စစ်ကောင်စီဟာ ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်တယ်ဆိုပြီး ကွင်းဆက် ဖမ်းဆီးတာတွေ လုပ်ဆောင်နေသလို ဖမ်းဆီးရမိရင်လည်း ပုဒ်မ ၅၀၅(က) အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၁ ၊ ၅၂ တွေနဲ့ အမှုဖွင့်လာတာပါ။

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့ ဝန်ထမ်းတွေနဲ့ ပြည်သူ ၅၀၀ ကျော် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီထဲမှာတော့ CDM ဝန်ထမ်းတချို့နဲ့ ပြည်သူ ၂၀၀ နီးပါးကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပြီး၊ ကျန်ရှိတဲ့ ဖမ်းဆီးခံ ၃၀၀ ကျော်လောက်ကတော့ အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...