ဖုန်းဆင်းကတ်စတင်အသုံးပြုလျှင် ကုန်သွယ်သွယ်ခွန် ကျပ် ၂ သောင်း ကောက်ခံမည့်ဥပဒေကို စစ်ကောင်စီပြဌာန်း

ဖုန်းဆင်းကတ်စတင်အသုံးပြုလျှင် ကုန်သွယ်သွယ်ခွန် ကျပ် ၂ သောင်း ကောက်ခံမည့်ဥပဒေကို စစ်ကောင်စီပြဌာန်း

ဆင်းကတ်ကို စတင်အသုံးပြုနိုင်ရန်ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုအပေါ် ဆင်းကတ်တကတ်လျှင် ကုန်သွယ်လုပ်ငန်းခွန် နှစ်သောင်းကျပ်ပေးသွင်းရမည့် ဥပဒေတရပ်ကို အာဏာသိမ်းစစ်ကောင်စီက ဇန်နဝါရီ ၆ ရက်နေ့ ရက်စွဲဖြင့် ပြဌာန်းလိုက်ပါတယ်။

နိုင်ငံ့ဝင်ငွေတိုးတက်ရရှိနိုင်သည့်အပြင် အင်တာနက်ကို အလွန်အကျွံအလွဲသုံးမှုများကြောင့် ပြည်သူများ၏ အလုပ်အကိုင်များကို ထိခိုက်မှုများ၊ မျိုးဆက်သစ်ကျောင်းသား/သူများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကို လျှော့ချနိုင်ရန်ဟုဆိုကာ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေတွင် မည်သို့ပင်ပါရှိစေကာမူ ပေးဆောင်ရမည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယင်းအပြင် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းမှ ရငွေအပေါ် (၁၅)ရာခိုင်နှုန်း ကုန်သွယ်လုပ်ငန်းခွန်ကျသင့်စေရန်လည်း ဥပဒေမှာ ဖော်ပြပါရှိပါတယ်။

ယင်းဥပဒေမှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၈)ရက်နေ့မှ မတ်လ (၃၁)ရက်နေ့အထိ အကျိုးသက်ရောက်မည်ဟု ဖော်ပြထားပါတယ်။

ကျွန်တော်မြင်တာကတော့ အင်တာနက်ကို ပိတ်ချင်တယ်။ ကြိုးစားတယ်၊ Facebook နဲ့ အခြား လူမှုကွန်ရက်တွေကို ပိတ်တယ်။ အထူးသဖြင့် စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ဆောင်မှုတွေကို အများပြည်သူတွေက အချိန်နဲ့ တပြေးညီထဲသိနေရတဲ့အပေါ်မှာ ကန့်သတ်ဖို့ ကြိုးစားတဲ့လုပ်ဆောင်ချက်လို့ မြင်ပါတယ်လို့ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ နည်းပညာကျွမ်းကျင်တဲ့ လူငယ်တဦးက မှတ်ချက်ပြုပါတယ်။

ပြီးခဲ့တဲ့ လပိုင်းမှ စတင်ပြီး မိုလ်ဘိုင်းလ်မှတဆင့် အင်တာနက်အသုံးပြုမှုဝန်ဆောင်ခဈေးတွေကို တိုးမြှင့်ပြီးနောက်မှာတော့ ယခုလို ဈေးနှုန်းကြီးမြင့်စွာပေးဆောင်ရဖို့အတွက် လုပ်ဆောင်လာတာဖြစ်ပါတယ်။

April 1, 2026
မွန်ပြည်နယ်မှာ စက်သုံးဆီ တရားမဝင် ရောင်းချမှုအပါအဝင် ဈေးတင်ရောင်းချမှုကြောင့်...
March 31, 2026
ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင် အငြိမ်းစား...
March 30, 2026
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၄၃ ချက်ကို ပြည်ထောင်စုလွှတ်တော်မှာ စုစည်းတင်ပြပြီး ပြင်ဆင်သွားမယ်လို့...
ဓာတ်ပုံ-CJ
March 28, 2026
စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်မှုကြောင့်...