စစ်ကောင်စီက ဖွင့်လှစ်မယ့် တက္ကသိုလ်တွေကို မတက်ဘဲ သပိတ်ဆက်မှောက်ပေးဖို့ တိုက်တွန်း

စစ်ကောင်စီက ဖွင့်လှစ်မယ့် တက္ကသိုလ်တွေကို မတက်ဘဲ သပိတ်ဆက်မှောက်ပေးဖို့ တိုက်တွန်း

စစ်ကောင်စ်ီက ဖွင့်လှစ်မယ့် တက္ကသိုလ်နဲ့ ကောလိပ်တွေကို မတက်ဘဲ သပိတ်ဆက်မှောက်ပေးဖို့ CDM ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားများ သမဂ္ဂအဖွဲ့ တာဝန်ရှိသူတွေက တိုက်တွန်းလိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ လာမယ့် ဇန်နဝါရီ ၆ ရက်နေ့ကစပြီး ဥပဒေပညာနဲ့ ပညာရေး စတုတ္ထနှစ်၊ မဟာဘွဲ့သင်တန်း ပထမနှစ်နဲ့ ဒုတိယနှစ် ၊ မဟာအရည်အချင်း စစ်သင်တန်းတွေကို စတင် ဖွင့်လှစ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီက ဖွင့်လှစ်တဲ့ ကျောင်းတွေကို မတက်ဘဲ သပိတ်ဆက်မှောက်ပေးဖို့နဲ့ တက်ရောက်မယ့်သူတွေ ကိုလည်း အသိအမှတ် ပြုမှာ မဟုတ်ဘူးလို့ မော်လမြိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ မင်းသံဇဉ်ဦးက ပြောပါတယ်။

စစ်ကောင်စီက တက္ကသိုလ်တွေ ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်တာဟာ ကျောင်းသားတွေကို သွေးခွဲချင်လို့ လုပ်ဆောင်တာ ဖြစ်ပြီး၊ ကျောင်းသား အများစု တက်ရောက်မှာ မဟုတ်တဲ့ အတွက် ပညာရေး အနေနဲ့ အောင်မြင်မှာ မဟုတ်ဘူးလို CDM ဆရာမ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကျောင်းတက်မယ့် ကျောင်းသား ကျောင်းသူတွေ အနေနဲ့ စစ်ကောင်စီက သတ်ဖြတ်ခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ တောတဲ့ရောက်နေတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ CDM ဆရာ ဆရာမတွေကို ထောက်ထားပြီး ကျောင်းမတက်ဘဲ အာဏာရှင်ကို ဆက်လက် ဆန့်ကျင်ဖို့ လိုအပ်တယ်လို့ CDM ဆရာ ဆရာမတွေက တိုက်တွန်းတာပါ။

မော်လမြိုင် တက္ကသိုလ်မှာတော့ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် မေလ(၅)ရက်နေ့က ပထမအကြိမ် ပြန်လည် ဖွင့်လှစ်ခဲ့တဲ့ ပါရဂူဘွဲအကြို၊ မဟာတန်း၊ ပဉ္စမနှစ်၊ စတုတ္ထနှစ်နဲ့ ဂုဏ်ထူးတန်း တွေမှာတော့ ကျောင်းသား ကျောင်းသူ သောင်းကျော် ရှိတဲ့အနက် (၄၀၀)ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...