လေးကေကော်နှင့်ဖလူးတိုက်ပွဲဂယက်ကြောင့် ဒေသခံပြည်သူ ၁၀၀၀ ခန့် ထိုင်းဘက်သို့ ထပ်မံစစ်ရှောင်

လေးကေကော်နှင့်ဖလူးတိုက်ပွဲဂယက်ကြောင့် ဒေသခံပြည်သူ ၁၀၀၀ ခန့် ထိုင်းဘက်သို့ ထပ်မံစစ်ရှောင်

မြဝတီမြို့၏တောင်ဘက် လေးကေကော်နှင့် ဖလူးကြီးရွာအနီးတွင် ဇန်နဝါရီ ၃ ရက် ညနေပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA မဟာမိတ်ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့ တို့ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲဂယက်ကြောင့် ဒေသခံပြည်သူ ၁၀၀၀ ဝန်းကျင်ခန့်မှာ ထိုင်းဘက်ခြမ်းသို့ ထပ်မံတိမ်းရှောင်နေကြကြောင်း သိရသည်။

ယမန်နေ့ နံနက်ပိုင်းကတည်းက စစ်ကောင်စီဘက်မှ လက်နက်ကြီးများ ပစ်ခတ်လျက်ရှိပြီး ညနေ ၃နာရီခွဲအချိန်ခန့်မှစ၍ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုများဖြင့် နှစ်ဖက်တိုက်ပွဲပိုမိုပြင်းထန်လာသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

တိုက်ပွဲဂယက်ကြောင့် ဒေသခံပြည်သူများ ၁၀၀၀ ဝန်းကျင်ခန့်မှာ နယ်ခြားသောင်ရင်းမြစ်ကို ဖြတ်ကူးကာ ထိုင်းဘက်ကမ်းသို့ ထပ်မံ၍ စစ်ဘေးရှောင်ကြခြင်းဖြစ်သည်ဟု ထိုင်းဘက်ခြမ်းရောက် စစ်ဘေးရှောင် ပြည်သူများအား ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

“ဒီကနေ့ ညနေ ထိုင်းဘက်ကို ရောက်ရှိလာတဲ့ ထောင်နှင့်ချီသော စစ်ဘေး ရှောင်များထဲမှာ ယနေ့ မနက်ပိုင်းနဲ့ မနေ့တွေက ထိုင်းဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းမှ တဆင့်နေရပ်ပြန်သွားသူတွေလည်း ပြန်ပါလာတာကို တွေ့ရတယ်”၎င်း က ပြောသည်။

ယမန်နေ့ စစ်ရှောင် ၁၀၀၀ ဝန်းကျင်ထဲမှ လူ ၂၀၀ ခန့်သာ ထိုင်းဘက်ခြမ်း တွင် ဖွင့်လှစ်ထားသည့် မဲ့ကိုကင်း ယာယီစစ်ရှောင်စခန်းသို့ သွားရောက်နေထိုင်ကြပြီး အများစုမှာ နှစ်နိုင်ငံနယ်ခြား သောင်ရင်းမြစ်ကမ်းနံဘေး၌ တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...