မွန်က ဆိုင်ကယ် ဈေးကွက် ဈေးတက်ပြီး အရောင်းအဝယ် အေးနေ

မွန်က ဆိုင်ကယ် ဈေးကွက် ဈေးတက်ပြီး အရောင်းအဝယ် အေးနေ

မွန်ပြည်နယ်က မော်တော်ဆိုင်ကယ် ဈေးကွက် အနေဖြင့် ဈေးမြင့်တက်ပြီး အရောင်းအဝယ်တွေ အေးနေတယ်လို့ မော်တော်ဆိုင်ကယ် အရောင်းအဝယ်ပြု လုပ်သူတွေက ပြောပါတယ်။

အရင်က (၁၀)သိန်း ဝန်းကျင်ခန့် ရှိတဲ့ တပတ်ရစ် ဆိုင်ကယ်တွေဟာ လက်ရှိမှာ (၁၂)သိန်း အထိ ဈေးမြင့်တက်နေတာ ဖြစ်ပါတယ်။

ဆိုင်ကယ် ပါကင်ဘီးတွေဆိုရင်လည်း အမျိုးအစားပေါ် မူတည်ပြီး အရင်လတွေကထက် (၃)သိန်းကနေ (၅)သိန်းကျော် အထိ ဈေးနှုန်း မြင့်တက်နေပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာငွေကြေးတန်ဖိုးကျဆင်းပြီး နိုင်ငံခြားငွေတန်ဖိုး မြင့်တက်လာလို့ ဆိုင်ကယ်ဈေးနှုန်းတွေလည်း မြင့်တက်လာတာလို့ အရောင်းအဝယ်လုပ်နေသူတွေက ဆိုပါတယ်။

အခုလို ဈေးနှုန်းမြင့်တက်နေတာကြောင့် အရောင်းအဝယ်အေးနေပြီး အချို့အပတ်တွေဆို အရောင်းအဝယ် လုံးဝ မရှိဘူးလို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ မော်တော်ဆိုင်ကယ်တွေကို ထိုင်းနိုင်ငံက အဓိက တင်သွင်းတာ ဖြစ်ပြီး တရုတ်နိုင်ငံနဲ့ အိန္တိယနိုင်ငံတွေကလည်း အနည်းငယ် တင်သွင်းမှုတွေ ရှိနေပါတယ်။

June 2, 2026
သထုံခရိုင်အတွင်းက မြို့နယ်အခြေစိုက်တပ်တွေမှာ အာဏာသိမ်းစစ်တပ်ဘက်က စစ်ရေးပြင်ဆင်မှု ပိုလုပ်လာပြီး...
ဓာတ်ပုံ-CJ
June 1, 2026
ဘီးလင်းမြို့နယ်အတွင်းက ပြည်သူစစ်အဖွဲ့ဝင်တွေကို အာဏာသိမ်းစစ်တပ်ဘက်က  ရှေ့တန်းပို့လို့...
May 30, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာ စာသင်ကျောင်းအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ...
May 29, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ စစ်မှုထမ်းအတွက် ဥပဒေမဲ့ ပေါ်တာဆွဲ...