မူဆယ်မြို့ တရုတ်ငွေလဲလှယ်သည့် အမျိုးသမီး ဓားပြတိုက်ခံရ

မူဆယ်မြို့ တရုတ်ငွေလဲလှယ်သည့် အမျိုးသမီး ဓားပြတိုက်ခံရ

သျှမ်းမြောက် မူဆယ်မြို့ ကောင်းမှုလွိုင်နယ်မြေ ရွှေညောင်ပင်လမ်းတွင် ဒီဇင်ဘာ ၂၇ ရက် ညပိုင်းက တရုတ်ငွေလဲလှယ်သည့် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါည ၇ နာရီတွင် မူဆယ်မြို့ ကောင်းမှုလွိုင် ရွှေညောင်ပင်လမ်း၌ နေထိုင်သူ တရုတ်ငွေလဲလှယ်သည့် မအားလီ၏ နေအိမ်ကို အမည်မသိ လက်နက်ကိုင် ၄ ဦးက လာရောက်ပြီး ဓားပြတိုက်သွားကြောင်းမျက်မြင်တွေ့ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဒီည ၇ နာရီလောက် မအားလီရဲ့အိမ်ကို လက်နက်ကိုင် ၄ ဦး လာတယ်။ ဓားပြလာတိုက်တာ။ သေနတ်ကျည်လည်းဖောက်သွားတယ်။ မအားလီ ကတော့ ဒဏ်ရာ မရဘူး” ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ဒီဇင်ဘာ ၂၀ ရက် ညနေ ၆ နာရီတွင်လည်း မူဆယ်မြို့လယ်ခေါင် နာရီစဉ်အနီးတွင် တရုတ်ငွေလဲလှယ်နေသူ ဓားပြတိုက်ခံရပြီး သေနတ်ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့တွင် ခိုးဆိုးလုယက်မှုများ မကြာခဏဖြစ်ပွားနေသော်လည်း သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...