သျှမ်းမြောက် မူဆယ်မြို့ ကောင်းမှုလွိုင်နယ်မြေ ရွှေညောင်ပင်လမ်းတွင် ဒီဇင်ဘာ ၂၇ ရက် ညပိုင်းက တရုတ်ငွေလဲလှယ်သည့် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါည ၇ နာရီတွင် မူဆယ်မြို့ ကောင်းမှုလွိုင် ရွှေညောင်ပင်လမ်း၌ နေထိုင်သူ တရုတ်ငွေလဲလှယ်သည့် မအားလီ၏ နေအိမ်ကို အမည်မသိ လက်နက်ကိုင် ၄ ဦးက လာရောက်ပြီး ဓားပြတိုက်သွားကြောင်းမျက်မြင်တွေ့ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ဒီည ၇ နာရီလောက် မအားလီရဲ့အိမ်ကို လက်နက်ကိုင် ၄ ဦး လာတယ်။ ဓားပြလာတိုက်တာ။ သေနတ်ကျည်လည်းဖောက်သွားတယ်။ မအားလီ ကတော့ ဒဏ်ရာ မရဘူး” ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။
လွန်ခဲ့သည့် ဒီဇင်ဘာ ၂၀ ရက် ညနေ ၆ နာရီတွင်လည်း မူဆယ်မြို့လယ်ခေါင် နာရီစဉ်အနီးတွင် တရုတ်ငွေလဲလှယ်နေသူ ဓားပြတိုက်ခံရပြီး သေနတ်ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့တွင် ခိုးဆိုးလုယက်မှုများ မကြာခဏဖြစ်ပွားနေသော်လည်း သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။







