မတရားတဲ့နိုင်ငံရေးစနစ်တွေကို မမှိတ်မသုန် တွန်းလှန်တိုက်ဖျက်ရမယ်လို့ ကေအဲန်ယူ ဥက္ကဌ ပြော

မတရားတဲ့နိုင်ငံရေးစနစ်တွေကို မမှိတ်မသုန် တွန်းလှန်တိုက်ဖျက်ရမယ်လို့ ကေအဲန်ယူ ဥက္ကဌ ပြော

ကရင်အမျိုးသားတွေအနေနဲ့ အတင်းအဓမ္မလုပ်ယူထားခြင်းခံရတဲ့ မိမိတို့ရဲ့ အခွင့်အရေးတွေကို ပြန်လည်ရယူပြီး အမျိုးသားအခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးဖြစ်နေတဲ့ မတရားတဲ့နိုင်ငံရေးစနစ်တွေကို မမှိတ်မသုန် တွန်းလှန်တိုက်ဖျက်ရမယ်လို့ ကေအဲန်ယူဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ၂၇၆၁ ခုနှစ် ကရင့်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားအတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပေးပို့တဲ့ သဝဏ်လွှာမှာ အခုလိုတိုက်တွန်းပြောဆိုခဲ့တာပါ။

ကရင့်အမျိုးသားအယောက်စီတိုင်းဟာ ကျရာအခန်းကဏ္ဍတွေမှာ မိမိတို့ ကရင်အမျိုးသားတွေရဲ့ ဘဝအနာဂါတ် လှပဖို့နဲ့ ဂုဏ်အင်္ဂါလက္ခဏာရပ်တွေကို တိုက်ခိုက်ဖျက်ဆီးလာတဲ့ ရန်သူမျိုးအပေါင်းကနေ ခုခံတွန်းလှန်ကြရမယ်လို့ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက တိုက်တွန်းပြောကြားလိုက်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အကြောင်းတရားတွေကြောင့် ကရင်အမျိုးသားအဖွဲ့အစည်းအားလုံးဟာ အမျိုးသားရေးအတွက် မားမားမတ်မတ်ရပ်တည်ပြီး ကရင်အမျိုးသားတွေရဲ့ အနာဂါတ်ဘ၀ ရှင်သန်ရပ်တည်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ညီလက်ညီ ကြိုးပမ်းအားထုတ်ကြရမှာဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ဆိုပါတယ်။

ဒါ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေမှာ မိမိကိုယ်ကို ကရင်အမျိုးသားလို့ ခံယူနေကြတဲ့ ကရင်အမျိုးသားတိုင်း၊ အဖွဲ့အစည်းတိုင်းဟာ အမျိုးသားအကျိုးစီးပွားအတွက် ကြိုးပမ်းအားထုတ်ကြရမယ်လို့ ကေအဲန်ယူဥက္ကဌက တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

လက်ရှိမှာ ကေအဲန်ယူထိန်းချုပ်နယ်မြေတွေ အားလုံးလိုလိုမှာ စစ်ကောင်စီတပ်နဲ့ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေပြီး အထူးသဖြင့် KNLA တပ်မဟာ ၁ တပ်မဟာ ၅ တပ်မဟာ ၆ နယ်မြေတွေမှာ တိုက်ပွဲတွေပြင်းထန်လျက်ရှိနေတာ ဖြစ်ပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...