ကရင်ပြည်နယ်အတွင်း အရပ်သားပြည်သူများအား တိုက်ခိုက်မှုအပေါ် မြန်မာနိုင်ငံအခြေစိုက် သံရုံးအကြီးအကဲများရှုတ်ချ

ကရင်ပြည်နယ်အတွင်း အရပ်သားပြည်သူများအား တိုက်ခိုက်မှုအပေါ် မြန်မာနိုင်ငံအခြေစိုက် သံရုံးအကြီးအကဲများရှုတ်ချ

စစ်ကောင်စီက ကရင်ပြည်နယ်အတွင်း အရပ်သားပြည်သူများအား တိုက်ခိုက်မှုအပေါ် မြန်မာနိုင်ငံအခြေစိုက် သံရုံးအကြီးအကဲများက ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ကာ ရှုတ်ချလိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် သြစတြေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနှင့် ဥရော ပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများဖြစ်ကြသည့် ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်နိုင်ငံများအပြင် နယူးဇီလန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် သံရုံးအကြီးအကဲများက ပူးပေါင်းလက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။

မကြာသေးမီက ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း အပါအဝင် အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေခြင်းဖြစ်ပြီး ယင်းလုပ်ရပ်ကို ရပ်တန့်ရမည်ဖြစ်သည်ဟု အဆိုပါ သံရုံးအကြီးအကဲများက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် ထောင်နှင့်ချီသောပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး ယခုအခါ ၎င်းတို့အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများအရေးပေါ် လိုအပ်လျက်ရှိသည်ဟုလည်း ဆိုသည်။

ထို့ကြောင့် စစ်အာဏာရှင်အနေဖြင့် ကရင်ပြည်နယ်နှင့် နိုင်ငံတလွှားက အဆင်အခြင်မဲ့တိုက်ခိုက်ခံရမှုများ ချက်ချင်း ရပ်တန့်ရန်နှင့် အရပ်သားပြည်သူအားလုံးကို နိုင်ငံတကာဥပဒေနှင့်အညီ ဘေးကင်းလုံခြုံစွာထားရှိရန်ကိုလည်း ထိုသံရုံးအကြီးအကဲများက တောင်းဆိုလိုက်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ နိုဝင်ဘာလ ၁၀ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ အကူအညီလိုအပ်နေသည့် ပြည်သူအားလုံး လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ အပြည့်အစုံကို ဘေးကင်းလုံခြုံပြီး အတားအဆီး အဟန့်အတားမရှိဘဲ လက်လှမ်းမီရရှိစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို အပြည့်အဝကာကွယ်စောင့်ရှောက်ပေးပြီး ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ၎င်းတို့ကလည်း ထပ်တူတောင်း ဆိုလိုက်ကြောင်းလည်း သံရုံးအကြီးအကဲများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...