ခရစ္စမတ်ပွဲလမ်းသဘင်မလုပ်ကြတော့ပဲ ဆုတောင်းပွဲတွေ အကျဉ်းချုပ်သာပြုလုပ်မည်

ခရစ္စမတ်ပွဲလမ်းသဘင်မလုပ်ကြတော့ပဲ ဆုတောင်းပွဲတွေ အကျဉ်းချုပ်သာပြုလုပ်မည်

ကရင်နီပြည်နယ် တစ်ချို့နေရာတွေမှာ နိုင်ငံရေးအခြေအနေကြောင့် ယခုနှစ်ရဲ့ ခရစ္စမတ်ပွဲကို ပွဲလမ်းသဘင်တွေနဲ့ မပြုလုပ်နိုင်တော့ပဲ ဆုတောင်းပွဲတွေသာ ပြုလုပ်မယ်လို့ ကက်သလစ်ခရစ်ယာန် ဘုန်တော်ကြီးတစ်ပါးက ပြောပါတယ်။

“ခရစ်စမတ်ပွဲကတော့ ဘုန်းကြီးရှိတဲ့ရွာတိုင်းကတော့ ဘုရားကျောင်းတက်ပြီး ရှိခိုးတယ်။ ဆုတောင်းပွဲပဲ လုပ်တော့မယ်။ ပွဲလမ်းသဘင်တွေ သီးချင်းလိုက်ဆိုပွဲတွေ တစ်အိမ်တက်တစ်အိမ်ဆင်းတွေ မလုပ်တော့ဘူး။”

နှစ်စဉ်ကျင်းပနေကြ ပွဲလမ်းသဘင်အတွက် ကုန်ကျစရိတ်ကိုလည်း စစ်ရှောင်တွေအတွက် လှူဒါန်းမယ်လို့ ကက်သလစ်ခရစ်ယာန် ဘုန်းတော်ကြီးတစ်ဦးကပြောပါတယ်။

“ ပွဲလမ်းသဘင်တော့ မလုပ်တော့ဘူး။ ပွဲလမ်းသဘင်အတွက် ကုန်ကျမယ့်စရိတ်တွေ ရွာရှောင်တွေမှာ သွားကူခိုင်းတယ်လေ။ အဲ့ဒီဒုက္ခရောက်တဲ့လူတွေ ငတ်ပြတ်တဲ့လူတွေပေါ့။ ပွဲလမ်းသဘင်ကတော့ မလုပ်ခိုင်းဘူးပေါ့။ အဲ့ဒီပွဲလမ်းသဘင်လုပ်မယ့်အစား ပွဲအတွက် ကုန်ကျမယ့်စရိတ်ကို ကျနော်တို့ စုပြီးတော့ အဲ့ဒီစစ်ရှောင်စခန်းမှာ သွားလှူခိုင်းတယ်လေ။ အဲ့ဒီ ဒုက္ခရောက်တဲ့လူကို။ “

စစ်ကောင်စီက အာဏာသိမ်းပြီးတော့ တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ စစ်ရှောင်နေကြရလို့ ခရစ်မတ်ပွဲတော်ကို တချို့ကတော့ စစ်ရှောင်စခန်းမှာ အကျဉ်းချုပ် ပြုလုပ်သွားကြဖို့ ရှိသလို ၊ တချို့ရွာတွေမှာတော့ ဆုတောင်းပွဲတွေလောက်သာပြုလုပ်သွားကြဖို့ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ယခုနှစ်မှာတော့ ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ဘာသာရေးအဆောက်အအုံ ၇ ခုကလည်း လက်နက်ကြီးတွေ ထိမှန်ပျက်စီးနေပါတယ်။

May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...