ကော့နွဲ့ရွာကို ယခုညမှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်နေ

ကော့နွဲ့ရွာကို ယခုညမှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်နေ

ကော့ကရိတ်မြို့၊ အာရှလမ်းမကြီးအနီးက စစ်ကောင်စီတပ်နဲ့ KNLA တို့ စစ်ရေးတင်းမာနေတဲ့ ကော့နွဲ့ကျေးရွာကို ယခုညမှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတယ်လို့ ရွာခံတဦးထံမှ သိရပါတယ်။

ယခုရက်ပိုင်းအတွင်းတိုက်ပွဲ (၅) ကြိမ်လောက်ဖြစ်ပွါးပြီးနောက်မှာ ယခုညအတွင်း လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ သိရပါတယ်။

ယခုညမှာလည်း ကော့ကရိတ်ကနေ မြဝတီကို တက်တဲ့ လမ်းဟောင်းကနေ စစ်ကားတွေ တက်လာတယ်လို့ ဒေသခံသတင်းအရင်းအမြစ်ထံက သိရပါတယ်။

ယခုညမှာပဲ မြဝတီမြို့အနီးက လေးကေ့ကော်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကျဲခဲ့ပါသေးတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...