သထုံမှာ နယ်မြေကျော်လာတဲ့ စစ်ကောင်စီ လှုပ်ရှားစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

သထုံမှာ နယ်မြေကျော်လာတဲ့ စစ်ကောင်စီ လှုပ်ရှားစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

သထုံမြို့နယ်၊ ကော့လှိုင်းကျေးရွာနဲ့ချောင်းပိနားကြားမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းက နယ်မြေကျော်လာတဲ့ စစ်ကောင်စီ လှုပ်ရှားစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ KNLA တပ်မဟာ(၁)ထံက သိရပါတယ်။

ယနေ့ညနေ ၃ နာရီခန့်မှာ စစ်ကောင်စီ ခမရ(၄၀၇)က လှုပ်ရှားစစ်ကြောင်းကို KNLA တပ်မဟာ(၁) တပ်ရင်း(၂)၊ သထုံမြို့ပြအထူးစစ်ဆင်ရေးတပ်ဖွဲ့၊ TDO မဟာမိတ်ပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

"ခု မိုင်းဆွဲခံရတဲ့ စကစ စစ်ကြောင်းက ခြေလျင်တောတိုးအဖွဲ့တွေ။ ဝီယော်ကနေ ကော့လှိုင်းဘက်ကို အဲဒီကနေ ပိန္နဲတော သွားဖို့လားမသိဘူး တက်လာတဲ့အဖွဲ့ဖြစ်တယ်။ ဒီတပ်ရင်းက တစ်ခါမှ ဒီဘက်ကို လာတာမတွေ့ဖူးဘူး။ ခုမ အင်အားဖြည့်လာတဲ့ အဖွဲ့တွေဖြစ်မယ်။ သူတို့ဘက်ကတော့ ထိခိုက်တော့ရှိမယ်။ ''လို့ KNLA တပ်မဟာ(၁)တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

သထုံမြို့ပြအထူးစစ်ဆင်းရေးတပ်ဖွဲ့ကတော့ မိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်တာတွေ လုပ်ခဲ့ပါတယ်။

သထုံမြို့နယ်အတွင်းမှာ စစ်ကောင်စီခြေလျင်လှုပ်ရှားစစ်ကြောင်း၊ ရိက္ခာကားတန်းတွေနဲ့စစ်ကြောင်းကားတွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...