စစ်ဘေးရှောင်ပြည်သူတွေ အခြေအနေတည်ငြိမ်မှ နေရပ်ပြန်ကြဖို့ KNU တိုက်တွန်း

စစ်ဘေးရှောင်ပြည်သူတွေ အခြေအနေတည်ငြိမ်မှ နေရပ်ပြန်ကြဖို့ KNU တိုက်တွန်း

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအနေနဲ့ စစ်ရေးပဋိပက္ခ အခြေအနေ ငြိမ်သက်သွားတဲ့အခါမှသာ နေရပ်ကိုပြန်လာကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတောနီးက တိုက်တွန်းလိုက်ပါတယ်။

လတ်တလောမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ဒေသခံပြည်သူသောင်းဂဏန်းဝန်းကျင်အထိ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး အများစုက ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းကို ထွက်ပြေးသွားတဲ့ စစ်ရှောင်သူ ၁၀၀ ကျော် မြဝတီဘက်ကို ပြန်လာခဲ့ပါတယ်။

အခုလို အခြေအနေတွေကြောင့် စစ်ရှောင်ပြည်သူတွေအနေနဲ့ စစ်ရေးပဋိပက္ခ တည်ငြိမ်မှ နေရပ်ပြန်လာကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတောနီးက ပြောပါတယ်။

“အထူးသဖြင့် ပူပန်မိတာက လူထုက ပြေးလွှားတိမ်းရှောင်နေရတယ်။ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရတယ်။ ဒီလို ချမ်းအေးတဲ့ ရာသီလည်းဖြစ်တော့ အထူးသဖြင့် တိုက်ပွဲတွေငြိမ်မှ ပြန်လာပါလို့ ပန်ကြားချင်ပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲကြောင့် တိမ်းရှောင်ထွက်ပြေးနေရတဲ့ စစ်ရှောင်တွေကို ကူညီလက်ခံစောင့်ရှောက်ပေးတဲ့ ထိုင်းနိုင်ငံကိုလည်း ကျေးဇူးတင်ကြောင်းနဲ့ ဒီလိုဆောင်းတွင်းကာလမှာ UNHCR လို နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်း အကာအကွယ်ပေးမှုတွေ ပိုပြီးတော့ ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ KNU က တောင်းဆိုထားပါတယ်။

လက်ရှိမှာတော့ မြဝတီမြို့အနီး လေးကေကော်မြို့သစ် မဲထော်သလေး ဖလူးစတဲ့ ဒေသတွေနဲ့ ကော့ကရိတ်မြို့ အာရှလမ်းမဘက်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်တွေဘက်က အင်အားတိုးချဲ့တာတွေ ပိုမိုလုပ်ဆောင်လာနေပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...