လေယာဉ်ဗုံးကြဲမည်ကို စိုးရိမ်သောကြောင့် ကြသောင်းဆိပ်စစ်ရှောင်များ နေအိမ်မပြန်ရဲသေး

လေယာဉ်ဗုံးကြဲမည်ကို စိုးရိမ်သောကြောင့် ကြသောင်းဆိပ်စစ်ရှောင်များ နေအိမ်မပြန်ရဲသေး

ဘီးလင်းမြို့နယ်၊ ကြသောင်းဆိပ်ရွာရှိ BGF တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က တိုက်ခိုက်သိမ်းပိုက်ထားသဖြင့် စစ်ကောင်စီတပ်က လေယာဉ်နှင့် လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်သည့်အတွက် ထောင်နှင့်ချီသည့် ကြသောင်းဆိပ်ရွာသားများ နေအိမ်မပြန်ရဲသေးကြောင်း သိရသည်။

ကေအဲန်ယူ၊ သထုံခရိုင်/တပ်မဟာ(၁)နယ်မြေရှိ ကြသောင်းဆိပ်ရွာတွင် အခြေစိုက်သည့် စစ်ကောင်စီလက်အောက်ခံ BGF (၁၀၁၃)တပ်ရင်း၏ စခန်းတစ်ခုကို ဒီဇင်ဘာလ ၁၇ရက်နေ့က KNLA တပ်မဟာ(၁) လက်အောက်ခံ တပ်ရင်း(၁) နှင့် PDF ပူးပေါင်းတပ်ဖွဲ့များမှ တက်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နှစ်ဖက် ပစ်ခတ်မှုများကြောင့် ဒေသခံများမှာ ယနေ့အချိန်ထိ ရှောင်တိမ်းနေရဆဲဖြစ်သည်။

“တချို့က ပြန်တာရှိတယ်။ ရွာပြန်တာကလည်း ပြန်နေတာမဟုတ်ဘူး။ နေအိမ်ထိခိုက်သွားတာဘာရှိလဲ ပြန်ကြည့်တာ ပါပဲ။ မနေ့တုန်းက ပြန်သွားတဲ့လူတချို့ တိမ်းရှောင်တဲ့နေရာကို ပြန်လှည့်လာတာရှိတယ်။ စစ်တပ်ဘက် ပြန်တက်လာ မယ်လို့ ကြားတယ်။ မြေပြင်မှာ စစ်ကြောင်းတက်လာတာထက် လေယာဉ်နဲ့ လာတိုက်ခိုက်မှာကိုတော့ အကြောက်ဆုံး ပါပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။

အမှတ်(၁၀၁၃) BGF တပ်စခန်း တိုက်ခိုက်သိမ်းပိုက် မီးရှို့ဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီဘက်က ဒီဇင်ဘာလ ၁၈ ရက်နှင့် ၁၉ရက်နေ့များတွင် နေ့ရော၊ ညပါ လေယာဉ်နှင့် လေးကြိမ်ထက်မနည်း ဆက်တိုက် လာရောက် ထောက်လှမ်း စုံစမ်းခြင်းများရှိကြောင်း သိရသည်။

ထိုအတွက်ကြောင့် ကြသောင်းဆိပ်ရွာသား စစ်ရှောင်ပြည်သူများသည် ၎င်းကျေးရွာမှ တိမ်းရှောင်နေထိုင်နေရသည်မှာ လေးရက်ခန့်ရှိပြီး ယခုအချိန်တွင် အခြားကျေးရွာများ၌ ခိုလှုံနေရသည်ဟု သိရသည်။

အဆိုပါ BGF စခန်း သိမ်းပိုက်ခံရသည့်နေ့တွင် အပြန်အလှန် ပစ်ခတ်မှာမှာ တစ်နေကုန်နီးပါး ဖြစ်ပွားခဲ့ပြီး ကတိုင်တိ BGF တပ်စခန်းကလည်း လက်နက်ကြီးများနှင့် ကူပစ်ခတ်နေသည့်အတွက်ကြောင့် ကြသောင်းဆိပ်ရွာရှိ လူနေအိမ် ၂၀ ကျော်နှင့် ဝက် ၃ကောင်ထက်မနည်း ထိမှန်ခဲ့သလို လက်နက်ကြီးအသံကြောင့် သက်ကြီးရွယ်အို ဒေသခံတစ်ဦးမှာ ထိတ်လန့်၍ သေဆုံးသွားခဲ့သည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...