သထုံမှ တစ်မနက်တည်း ဗုံး ၅ ကြိမ်ပေါက်ကွဲမှုဖြစ်ပွား

သထုံမှ တစ်မနက်တည်း ဗုံး ၅ ကြိမ်ပေါက်ကွဲမှုဖြစ်ပွား

သထုံမြို့ပေါ် ရပ်ကွက်ရှိနေရာတွေမှာ ဒီကနေ ဒီဇင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှု ၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ယနေ့ မနက်ပိုင်း ၅ နာရီခန့်မှ စတင်ကာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

"မနက်အစောကြီးဘဲရှိသေးတယ်။ ဗုံးသံတွေကြားရတယ်။ ၅ နာရီနဲ့ ၆ နာရီကြားလောက်အတွင်းမှာ ၅ ချက်လောက်ပေါက်တယ်။ စစ်တပ်ထုတ်ကုန်ရောင်းတဲ့ဆိုင်နေရာတွေကို လုပ်တာလို့တော့ သိရတယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

သထုံမြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ စိုးမိုးမိုဘိုင်းဖုန်းဆိုင်၊ သုဝဏ္ဏဘီယာဆိုင်၊ ရန်ကုန်အဖျော်ယမကာ အရောင်းဆိုင်နဲ့ပြည်တော်သာ အဖျော်ယမကာအရောင်းဆိုင်တွေရှေ့မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုတွေကြောင့် ဆိုင်အချို့ရဲ့ ဆိုင်ခန်းနေရာများနှင့်အုတ်စည်းရိုးများ ထိခိုက်ပျက်စီးခဲ့ပြီး လမ်းသွားလမ်းလာ ဆိုက္ကာနင်းသူ တစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဗုံးပေါက်ခွဲမှုတွေကို မွန်-သထုံအထူးကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်တပ်ထုတ်ကုန်တွေကို ရောင်းချနေလို့ သတိပေးတဲ့အနေနဲ့လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...