စစ်ဘေးဒုက္ခသည်အရေး UNHCR ကိုယ်စားလှယ်အဖွဲ့ မဲဆောက်သို့ရောက်ရှိ

စစ်ဘေးဒုက္ခသည်အရေး UNHCR ကိုယ်စားလှယ်အဖွဲ့ မဲဆောက်သို့ရောက်ရှိ

စစ်ကောင်စီတပ်တွေနဲ့ KNLA တပ်တွေ တိုက်ပွဲကြောင့် မဲဆောက်ဘက်ကို ရောက်လာတဲ့ လေးကေ့ကော်နဲ့ မဲထော်သလေးဒေသက စစ်ဘေးဒုက္ခသည်တွေအရေးအတွက် UNHCR ကိုယ်စားလှယ်အဖွဲ့က ဒီဇင်ဘာ ၁၇ ရက်နေ့မှာ မဲဆောက်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။

ကိုယ်စားလှယ်အဖွဲ့ဟာ မဲဆောက်ရဲတပ်ဖွဲ့ရုံးမှာ ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာရွှေ့ပြောင်းဒုက္ခသည်တွေကို ကူညီဖို့ အရေးအပါအဝင် အခြားသော ဘေးကင်းလုံခြုံရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေကပြောပါတယ်။

တိမ်းရှောင်လာသူတွေအတွက် လူ့အခွင့်အရေးအရ လူသားခြင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့နဲ့ အခြားသော ဘေးကင်းလုံခြုံမှုဆိုင်ရာ အစီအစဉ်တွေ လုပ်ဆောင်ပေးဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ဘေးဒုက္ခသည်တွေကို တက်ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ ထိုင်းစစ်တပ်နဲ့ ရဲက ဦးစီးပြီး အခြားသော အေဂျင်စီများ၊ အရပ်ဘက်အဖွဲ့များ၊ ရွှေ့ပြောင်းအလုပ်သမားများ ကူညီစောင့်ရှောက်ရေးအဖွဲ့တွေက ကူညီနေပြီး စားသောက်စရာတွေ၊ ရေတွေ၊ Masks တွေနဲ့ အခြားလိုအပ်တဲ့ အသုံးအဆောင်တွေကို ပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...