စစ်ဘေးဒုက္ခသည်အရေး UNHCR ကိုယ်စားလှယ်အဖွဲ့ မဲဆောက်သို့ရောက်ရှိ

စစ်ဘေးဒုက္ခသည်အရေး UNHCR ကိုယ်စားလှယ်အဖွဲ့ မဲဆောက်သို့ရောက်ရှိ

စစ်ကောင်စီတပ်တွေနဲ့ KNLA တပ်တွေ တိုက်ပွဲကြောင့် မဲဆောက်ဘက်ကို ရောက်လာတဲ့ လေးကေ့ကော်နဲ့ မဲထော်သလေးဒေသက စစ်ဘေးဒုက္ခသည်တွေအရေးအတွက် UNHCR ကိုယ်စားလှယ်အဖွဲ့က ဒီဇင်ဘာ ၁၇ ရက်နေ့မှာ မဲဆောက်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။

ကိုယ်စားလှယ်အဖွဲ့ဟာ မဲဆောက်ရဲတပ်ဖွဲ့ရုံးမှာ ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာရွှေ့ပြောင်းဒုက္ခသည်တွေကို ကူညီဖို့ အရေးအပါအဝင် အခြားသော ဘေးကင်းလုံခြုံရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေကပြောပါတယ်။

တိမ်းရှောင်လာသူတွေအတွက် လူ့အခွင့်အရေးအရ လူသားခြင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့နဲ့ အခြားသော ဘေးကင်းလုံခြုံမှုဆိုင်ရာ အစီအစဉ်တွေ လုပ်ဆောင်ပေးဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ဘေးဒုက္ခသည်တွေကို တက်ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ ထိုင်းစစ်တပ်နဲ့ ရဲက ဦးစီးပြီး အခြားသော အေဂျင်စီများ၊ အရပ်ဘက်အဖွဲ့များ၊ ရွှေ့ပြောင်းအလုပ်သမားများ ကူညီစောင့်ရှောက်ရေးအဖွဲ့တွေက ကူညီနေပြီး စားသောက်စရာတွေ၊ ရေတွေ၊ Masks တွေနဲ့ အခြားလိုအပ်တဲ့ အသုံးအဆောင်တွေကို ပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...